သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသည်ရောက်ရှိမှု ၁၃ ရာခိုင်နှုန်းတက်၊ ပြည့်ကြပ်မှုမဖြစ်ရန် အမြန်တိုးချဲ့ရန်လို

သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသည်ရောက်ရှိမှု ၁၃ ရာခိုင်နှုန်းတက်၊ ပြည့်ကြပ်မှုမဖြစ်ရန် အမြန်တိုးချဲ့ရန်လို

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ၂၀၁၅ ဘဏ္ဍာနှစ်၌ ခရီးသည် ၁၃ ရာခိုင်နှုန်း တက်လာရာ ပြည့်ကြပ်မှု မဖြစ်ရေး အမြန်တိုးချဲ့ရမည်ဟု တာဝန်ရှိသူများက ပြောသည်။

သုဝဏ္ဏဘူမိလေဆိပ် အထွေထွေမန်နေဂျာ စီရိုတီဒွန်ဂရာတာနာက တရားဝင် ခရီးသည် ဝင်ဆံ့အား ၄၅ သန်းရှိသည့် ယင်းလေဆိပ်သို့  ပြီးခဲ့သည့် အောက်တိုဘာလက ယခုနှစ် စက်တင်ဘာလအထိ ခရီးသည်ဝင်ရောက်မှုက ၅၂ ဒသမ ၃၈ သန်းရှိခဲ့ခြင်းပါဟု အောက်တိုဘာ ၁၄ ရက်က ပြောသည်။

အဆိုပါ ခရီးသည်ရောက်ရှိမှုသည် ၂၀၁၄ ဘဏ္ဍာနှစ်ကထက် နှိုင်းယှဉ်လျှင် ၁၂ ဒသမ ၆၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ သုဝဏ္ဏဘူမိလေဆိပ်သို့ ယခုနှစ်ခရီးသည် လာရောက်မှုက နိုင်ငံတကာလေကြောင်းလိုင်းမှ ၄၃ ဒသမ ၉၄ သန်းနှင့် ပြည်တွင်းခရီးသည် ၈ ဒသမ ၄၄ သန်းဖြစ်သည်။

လေယာဉ်အဝင်အထွက်တွင်လည်း နိုင်ငံတကာလေကြောင်းခရီးစဉ်များက ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် ပြည်တွင်းက ၀ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခင်ဘဏ္ဍာနှစ်က သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်ပျံသန်းမှု ၃၁၀၈၆၇ ရှိပြီး ယမန်နှစ်ကထက် ၆ ဒသမ ၁၂ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ဘဏ္ဍာနှစ်တွင် လေဆိပ်သို့ ခရီးသည်ရောက်ရှိမှုသည် ၉ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာဦးမည်ဟု စီရိုတီက ပြောခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly