ထိုင်​းတွင်​ တရားမဝင်​ပြည်​့တန်​ဆာခန်​းဖွင်​့ထားသည်​့ မြန်​မာစုံတွဲ အဖမ်​းခံရ

ထိုင်​းတွင်​ တရားမဝင်​ပြည်​့တန်​ဆာခန်​းဖွင်​့ထားသည်​့ မြန်​မာစုံတွဲ အဖမ်​းခံရ

အောက်တိုဘာ ၁၅ ရက် ။        ။ ထိုင်းနိုင်ငံ ပတ္တာနီပြည်နယ် မောင်ခရိုင်အတွင်း တရားမဝင်ပြည့်တန်ဆာခန်းဖွင့်ထားသည်ဟု စွပ်စွဲ၍ မြန်မာစုံတွဲတစ်တွဲကို အောက်တိုဘာ ၁၄ ရက်နေ့က ဖမ်းဆီးအရေးယူလိုက်သည်။

အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးက သူ့အားဖြားယောင်းသွေးဆောင်ကာ ပြည့်တန်ဆာလုပ်ခိုင်းပြီး၊ ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု ပြောဆိုတိုင်ကြားပြီးနောက် ပြည့်တန်ဆာခန်းဖွင့်ထားသူ ယင်းစုံတွဲသည် ဝင်းသန်းနှင့် ဇနီးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိန်းကလေးက ယင်းပြည့်တန်ဆာ အိမ်မှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တိုင်ကြားရာမှ ဘာနာကျေးရွာ ဆွန်နီယွမ်ခိုလမ်းရှိ ပြည့်တန်ဆာခန်းငှားရမ်းဖွင့်လှစ်ထားသည့် ယင်းအိမ်ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးရဲဗျူဟာ ၆ နှင့် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

မိန်းကလေးဖြစ်သူ၏ ထွက်ချက်အရ ယင်းစုံတွဲသည် ရန်ကုန်မြို့ရှိ သူ့အဖေအား ထိုင်းတွင် အလုပ်ကောင်းကောင်းရမိဟု ပြောဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းစုံတွဲက သူ့ကို ဖမ်းဆီးချုပ်နှောင်ထားကာ အခြားမြန်မာ အမျိုးသားများနှင့် အဓမ္မလိင်ဆက်ဆံခိုင်းခဲ့သဖြင့် အလစ်အငိုက်တွင် အိမ်ခြံစည်းရိုးကို ကျော်ခွကာ ထွက်ပြေးခဲ့သည်ဟု မိန်းကလေးကပြောသည်။

Ref; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly