အိန္ဒိယ ဘာသာရေးပွဲတော်တစ်ခုမှာ စက်လှေနစ်မြုပ်မှုကြောင့် လူ ၁၂ ဦး ရေနစ်သေဆုံး

By AFP
13 September 2019
အိန္ဒိယ ဘာသာရေးပွဲတော်တစ်ခုမှာ စက်လှေနစ်မြုပ်မှုကြောင့် လူ ၁၂ ဦး ရေနစ်သေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၁၃ ။         ။ အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ ဘာသာရေးပွဲတော်တစ်ခုအတွင်း ရေကန်တစ်ကန်မှာ စက်လှေနစ်မြုပ်မှုဖြစ်ပြီး လူ ၁၂ ဦး ရေနစ်သေဆုံးတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေနဲ့ ရုပ်အလောင်းတွေကို ရှာဖွေဆယ်ယူခဲ့ရပါတယ်။

ဒီကနေ့ နံနက် အစောပိုင်းက ဘိုပေါပြည်နယ်မှာ လူ ၂၀ ကနေ ၂၅ ဦးကြား တင်ဆောင်လာတဲ့ စက်လှေနစ်မြုပ်တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ စက်လှေဟာ မဟာပိန္နဲနတ်ဘုရားထံ ဝတ်ပြုဆုတောင်းဖို့ လာရောက်တဲ့ စက်လှေဖြစ်တယ်လို့ သိရပါတယ်။

“ခုချိန်ထိတော့ ရုပ်အလောင်း ၁၂ လောင်း ဆယ်ယူရရှိပါတယ်။ ပိုက်စိပ်တိုက်ပြီး ရှာဖွေနေဆဲပါ။”လို့ အမျိုးသား သဘာဝဘေးတုံ့ပြန်မှုဌာနက ထုတ်ပြန်ပါတယ်။

အခု သီတင်းပတ်ဟာ အိန္ဒိယနိုင်ငံမှာ မဟာပိန္နဲနတ်ဘုရား ရေနှစ်မင်္ဂလာပြုခြင်း ပြီးစီးတဲ့ ဂါနက်ချက်တာသီပွဲတော် ကျင်းပနေတဲ့ သီတင်းပတ်ပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly