နေအိမ်တွေမှာ ဆေးခြောက်စိုက်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ရပ် ထိုင်းပါတီတစ်ခု အဆိုပြု

နေအိမ်တွေမှာ ဆေးခြောက်စိုက်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ရပ် ထိုင်းပါတီတစ်ခု အဆိုပြု
FILE PHOTO: A man smells cannabis plants as he attends Cannabis Expo in Buriram province, Thailand, April 19, 2019. REUTERS/Prapan Chankaew/File Photo

စက်တင်ဘာ ၁၃ ။                   ။ ထိုင်းပြည်သူတွေကို နေအိမ်တွေမှာ ဆေးခြောက်ပင် အကန့်အသတ်နဲ့ စိုက်ပျိုးခွင့်ပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ထိုင်း အာဏာရ ညွန့်ပေါင်းအုပ်စုဝင် ပါတီတစ်ခုက အဆိုပြုထားတယ်လို့ သိရပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ သုတေသနလုပ်ဖို့အတွက် တရားဝင်သုံးခွင့်ပြုပေးလိုက်ပြီးနောက် တစ်နှစ်မပြည့်သေးခင်မှာပဲ ခုလို ဆောင်ရွက်လာတာဖြစ်ပါတယ်။

ထိုင်းရဲ့လက်ရှိ မူးယစ်ဆေးဝါး ဥပဒေတွေအောက်မှာတော့ ဆေးခြောက်ကို အပန်းဖြေမှုအတွက် သုံးစွဲသူတွေဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျခံရနိုင်ပြီး လက်ဝယ်ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ်အများဆုံး ၁၀ နှစ်နဲ့ များပြားတဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရနိုင်ပါတယ်။

ယခု ရေးဆွဲထားတဲ့ ဥပဒေကြမ်းအရ အိမ်ထောင်စုတစ်စုလျင် ဆေးခြောက်ပင် ခြောက်ပင်အထိ စိုက်ပျိုးခွင့်ပြုသွားမှာဖြစ်ကြောင်း ညွန့်ပေါင်းအုပ်စုမှာ တတိယအကြီးဆုံး ပါ့တနာ Bhumjaithai ပါတီက အကြီးတန်း အမတ်တစ်ဦးက ပြောသွားပါတယ်။

 “ ခုလို လုပ်ရတဲ့ အခြေခံသဘောတရားကတော့ ဆေးကုသမှုဆိုင်ရာ အသုံးပြုဖို့အတွက်ပါ၊ ခင်ဗျားတို့အနေနဲ့ အပယိက ဖျားနာမှုတွေအတွက် ကိုယ့်အိမ်မှာပဲ ဒါကို ရနိုင်ပါတယ်၊ ဒါပေမယ့် လမ်းတွေပေါ်မှာ သောက်ဖို့အတွက်တော့ မဟုတ်ပါဘူး” ဆိုပြီး အမတ်ဖြစ်တဲ့ Supachai Jaisamut က ရိုက်တာကို ပြောသွားပါတယ်။

ယခု ဥပဒေကြမ်းအရ အဖွဲ့အစည်းတစ်ခုရဲ့ ကြီးကြပ်မှုအောက်မှာ ဆေးခြောက်ပင်တွေကို လိုင်စင်ရ အဖွဲ့အစည်းတွေထံ ရောင်းချခွင့်ပြုသွားမှာဖြစ်ကြောင်း Supachai ကပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly