ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင် အာမခံရရှိ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင် အာမခံရရှိ
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ စက်တင်ဘာ ၁၃ ။          ။ မော်တော်ယာဉ် ၅ စီး ဝယ်ယူမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသော ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အာမခံလျှောက်ထားမှုကို ပုသိမ်မြို့နယ်တရားရုံးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာမခံပေးလိုက်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သော ရုံးချိန်း၌ ဦးစံမင်းအောင်၏ အာမခံ လျှောက်ထားမှုကို ကျပ် သိန်း၅၀၀၊ အာမခံနှစ်ယောက်ဖြင့် အာမခံပေးလိုက်ကြောင်း ပုသိမ်မြို့နယ်တရား သူကြီးဒေါ်ခင်မြတ်မြတ်ထွန်းက ပြောသည်။

“နာမကျန်းတာလည်းတစ်ချက်ပါတာပေါ့။ နာမကျန်းတဲ့အကြောင်းကို ဆေးစာတွေနဲ ့တင်ပြတယ်။ သူ့ကျန်းမာ ရေးကို ဒေါက်တာဇရှိန်းကို ခေါ်ပြီးစစ်ဆေးလိုက်တဲ့အခါမှာ သူကျန်းမာရေးက ဘာရောဂါဖြစ်တယ် ဆိုတာ မသိဘူး။ အပြင်သမားတော်တွေနဲ့သက်ဆိုင်ရာဆရာဝန်တွေနဲ ့ရောဂါရှာဖွေရမယ့် အခြေအနေဖြစ်နေတယ်။ မျက်မြင်အခြေအနေအရလည်း ကျန်းမာရေးဆိုးဝါးနေတာကို ရုံးရှေမှာတွေ ့ရပါတယ်။ သူတင်ပြထားတဲ့ ဆေးစာ တွေရယ် ဒေါက်တာဇရှိန်းထွက်ဆိုချက်တွေအရရယ်၊ရုံးရှေ မျက်မြင်အရရယ် ၄၉၇(၁)ခြွင်းချက်အရ နာမကျန်း ဖြစ်တဲ့အပေါ်မှာ အချုပ်လွတ်ထုချေခွင့် ပြုလိုက်တာဖြစ်တယ်”ဟု ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ပြောသည်။

ဦးစံမင်းအောင်သည် တီဘီရောဂါဖြင့် ဆေးကုသမှုခံယူနေရသူဖြစ်ပြီး အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကိုယ်လက်စထရော မြင့်မားသည့်ရောဂါတို့ခံစားနေရကြောင်း ထို့အပြင် လက်ရှိ လိပ်ခေါင်းရောဂါခံစားနေရသဖြင့် ခွဲစိတ်မှုခံယူရန် ဆေးရုံတက်ရောက်နေရသည့် အခြေအနေဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်းတွင်လည်း အဖျားရောဂါခံစားနေရကြောင်း သိရသည်။

“အဓိက ကျောက်ကပ်ပြဿနာပေါ့။ ကျောက်ကပ်ကြောင့်ဖျားမယ်။ ခါးတွေနာမယ်။ ဆရာဝန်လည်း ထွက်ပြီး ပါပြီ။ ဒီလက္ခတွေဖြစ်နေတော့ တကယ့်ကို အပြင်မှာ အထူးကုနဲ ့ပြသသင့်တဲ့ လူနာလည်းဖြစ်နေတော့ ဒါ ကြောင့်လည်း အာမခံရတာပါ။ စွပ်စွဲခံရသူဘက်က နာမကျန်းသူဖြစ်နေတဲ့ ခိုင်မာတဲ့ အထောက်အထား တင်ပြ နိုင်တယ်။ နာမကျန်းသူဖြစ်ကြောင်းကိုလည်း ထောက်ခံထွက်ဆိုတဲ့ ဆရာဝန်လည်းရှိပါတယ်။ ဒီအချက် အလက်တွေခိုင်လုံလို ့တရားရုံးကဥပဒေနဲ့အညီပဲ တရားခံအခွင့်အရေးကိုပေးခဲ့တာဖြစ်ပါတယ်” ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေနေ့ဦးနေလင်းအောင်က ပြောသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို တိုင်းဒေသကြီး လွှတ်တော် ဒုတိယညွန်ကြားရေးမှူး ဦးဇော်လင်းထွန်းက တိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကားဝယ် ယူမှုနှင့် ပတ်သက်၍ ပုဒ်မ ၄၀၉ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှုအတွက် စက်တင်ဘာလ ၁၉ရက်နေ့တွင် တရားလိုအား စတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရှိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly