လော့ဒ် မောင့်ဘတ်တန်ဟာ လိင်တူဆက်ဆံသူ ဖြစ်ကြောင်း FBI ဖော်ထုတ်

လော့ဒ် မောင့်ဘတ်တန်ဟာ လိင်တူဆက်ဆံသူ ဖြစ်ကြောင်း FBI ဖော်ထုတ်

စက်တင်ဘာ ၁၃ ။         ။ ဗြိတိန် စစ်သေနာပတိချုပ် လော့ဒ် မောင့်ဘတ်တန် ဟာ လိင်တူချင်း နှစ်သက် ဆက်ဆံသူဖြစ်ပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ ကောင်လေးတွေနဲ့ ဖောက်ပြန်သူ ဖြစ်ခဲ့ကြောင်း အသစ် ထုတ်ဖော်လိုက်တဲ့ FBI မှတ်တမ်းဖိုင်တွေအရ သိရပါတယ်။

ဘွဲ့တံဆိပ်ရ စစ်ပွဲ ဟီးရိုး ဖြစ်တဲ့ မောင့်ဘတ်တန်ကို ဆယ်စုနှစ် သုံးစုကျော်ကြာ အမေရိကန်ဘက်က ထောက်လှမ်းစောင့်ကြည့်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ မောင့််ဘတ်တန် နဲ့ ဇနီးသည် အက်ဒွင်နာ တို့ဟာ  အင်မတန် ကိုယ့်ကျင့် သိက္ခာ နိမ့်ကျသူများ ဖြစ်ပြီး ၎င်းရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကြောင့် မောင့်ဘတ်တန်ဟာ ဘယ်လို စစ်တပ် စစ်ဆင်ရေးကိုမဆို ဦးဆောင်ညွန်ကြားရန် မသင့်သူ ဖြစ်ကြောင်း သတင်းရစ်မြစ်တစ်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ သမိုင်းပညာရှင် အန်ဒရူး လိုးနီး က အဆိုပါ စုံတွဲနဲ့ ပတ်သက်တဲ့ ၎င်းရဲဲ့ စာအုပ်သစ် The Mountattens: Their Lives & Loves စာအုပ်ကို သုတေသနလုပ်ရင်း သတင်းအချက်အလက် လွတ်လပ်မှု ဥပဒေတွေကို အသုံးပြုခဲ့ပြီးနောက် ယခုလို ဖိုင်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် လော့ဒ် မောင့်ဘတ်တန်ရဲ့ အကြိုက်ဆုံးနေရာတွေအနက် တစ်ခုကတော့ ရေတပ် အရာရှိတွေ သုံးခဲ့တဲ့ Rabat အနီးရှိ Red Rouse အမည် လိင်တူ ပြည့်တန်ဆာအိမ် ဖြစ်တယ်ဆိုပြီး ၁၉၄၈ ခုနှစ်က မော်လ်တာမှာ ၎င်းရဲ့ ဒရိုင်ဘာလုပ်ခဲ့တဲ့ ရွန် ပါ့ခ်စ် က ပြောကြားခဲ့ကြောင်း မစ္စတာ လိုးနီးရဲ့ စာအုပ်ထဲမှာ ပါရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly