စည်ပင်ဝန်ထမ်းများအဂတိကင်းရှင်းရေးအတွက် စည်ပင်အခွန်များကို အွန်လိုင်းဘဏ်ငွေပေးချေမှု စနစ်ဖြင့် ကောက်ခံမည်

စည်ပင်ဝန်ထမ်းများအဂတိကင်းရှင်းရေးအတွက် စည်ပင်အခွန်များကို အွန်လိုင်းဘဏ်ငွေပေးချေမှု စနစ်ဖြင့် ကောက်ခံမည်

ရန်ကုန်။ စက်တင်ဘာ ၁၃ ။            ။ အခွန်အခများပိုမိုရရှိနိုင်ရန် နှင့် စည်ပင်ဝန်ထမ်းများအဂတိကင်းရှင်းရေးအတွက် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ စည်ပင်ကော်မတီအခွန်များကို မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် အွန်လိုင်းဘဏ် ငွေပေးချေမှုစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

ဓာတ်ပုံ- Yangon Region Government

ယင်းစနစ်ကို ပြည်တွင်းဘဏ်များဖြစ်သည့် AYA ဘဏ်၊ KBZ Pay နှင့် CB ဘဏ်တို့ နှင့် ရန်ကုန်မြို့တော် ဘဏ်တို့၌ YCB Payment Gateway ကို အသုံးပြုကာ ချိတ်ဆက်လုပ်ဆောင်သွား မည်ဖြစ်ပြီး၊ အခွန်ထမ်း ပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်ခ ထပ်မံပေးသွင်းစရာမလိုဘဲ မြေခွန်၊ မြေငှားရမ်းခ၊ ရေဖိုးရေခ၊ သန့်ရှင်း ရေး ဆောင်ရွက်ခ စသည့်အခွန်အခများကို အဆိုပါ ဘဏ်များ၏ အပလီကေးရှင်းများမှ တစ်ဆင့်ဝင်ရောက် ကာ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

“အရင်ကဆိုရင် တစ်အိမ်တက်ဆင်း လိုက်ကောက်ရပါတယ်။ အခွန်ဆောင်သူတွေ အတွက်လည်း မိုလ်ဘိုင်း ဖုန်းကနေတစ်ဆင့် လွယ်ကူလျှင်မြန်စွာနဲ့အခွန်အခတွေကိုပေးဆောင်နိုင်တော့မယ်။ အွန်လိုင်းကနေ ငွေပေး ချေတဲ့ စနစ်ဖြစ်တဲ့အတွက်ဘဏ္ဍာငွေအလေအလွင့်လည်း လျော့ပါသွား၊နိုင်ငံတော်အတွက်အခွန်အခလည်း အပြည့်အဝရလာမယ်။ တစ်ဖက်မှာ ဘာကောင်းလဲဆိုတော့ လာဘ်ပေး လာဘ်ယူနဲ့ခြစားမှုတွေ လျော့နည်း သွားနိုင်တယ်”ရန်ကုန်မြို့တော်ဝန်ဦး မောင်မောင်စိုးကဆိုသည်။

Mobile Payment စနစ်ဆောင်ရွက်ခြင်းဖြင့်  ပြည်သူများမှ ပေးဆောင်ရမည့် အခွန်အခများကို မိုလ်ဘိုင်း ဖုန်း များမှ တစ်ဆင့် လွယ်ကူစွာပေးဆောင်နိုင်မည်ဖြစ်ပြီး၊ အချိန်ကာလ နေရာမရွေး ပေးသွင်းနိုင်မည့်အပြင် ဝန်ထမ်းလုပ်အား နှင့် သုံးစွဲစရိတ်လည်း သက်သာလာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့်နောက်ပိုင်းကာလများတွင် အစိုးရဌာနဆိုင်ရာများ၊ အခြားဘဏ်များ၊ စျေးများ၊ စတိုးဆိုင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပြီး၊ အဆိုပါ Payment စနစ်အောင်မြင်ပါက ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ရန် Application များ ကိုထပ်မံဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကော်မတီအနေဖြင့် လက်ရှိအသုံးပြုနေသည့် ဆော့လ်ဝဲပေါင်း ၃၉ ခုခန့်ရှိပြီး၊ ရေပေးဝေမှု စနစ်နှင့် ပတ်သက် သည့်ဆော့လ်ဝဲ၊  ပန်းခြံများနှင့်ပက်သက်သည့် ဆော့လ်ဝဲ စသဖြင့် ထပ်မံရေးဆွဲမှုများ လည်းပြုလုပ်လျက် ရှိကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly