ဓားခုတ်မှုများ ဖြစ်ပြီးနောက် ဂျေရုဆလင်တွင် အစ္စရေးတို့ လုံခြံုရေးတင်းကျပ်

ဓားခုတ်မှုများ ဖြစ်ပြီးနောက် ဂျေရုဆလင်တွင် အစ္စရေးတို့ လုံခြံုရေးတင်းကျပ်

ပါလက်စတိုင်းတို့ဖက်မှ တိုက်ခိုက်မှုများ အရှိန်တိုးဖြစ်လာရာ အရှေ့ဂျေရုဆလင်ရှိ အာရပ်ရပ်ကွက်များတွင် အဓိကလုံခြုံရေးလုပ်ငန်းများကို အစ္စရေးတပ်ဖွဲ့များက စတင်လုပ်ဆောင်လျက်ရှိနေသည်။

အောက်တိုဘာ ၁၃ရက်က အစ္စရေးသုံးဦး တိုက်ခိုက်ခံရသည့် ဂျာဘယ်မူကာဘာအရပ်သို့လည်း လူများဝင်ရောက်ခွင့်ကို ပိတ်ထားပြီဖြစ်သည်။

လုံခြုံရေးမြင့်တင်ထားရန် အစ္စရေး စစ်တပ်ကလည်း စစ်သား ရာကျော်ကို တပ်ဖြန့်ချထားသည်။

ပြီးခဲ့သည့်ညက အစ္စရေး လုံခြုံရေးကက်ဘိနက်က ပဋိပက္ခများဖြစ်ပွားနိုင်သည့် နယ်မြေများကို ဝိုင်းပိတ်ထားရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားသည်။

ထိုပြင် အစ္စရေးတို့အား တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်းတို့၏ အိမ်များကို ရက်ပိုင်းအတွင်း ဖြိုချရမည်ဖြစ်ပြီး မည်သည်အခါပြန်လည်ဆောက်ခွင့် ရမည်မဟုတ်ကြောင်း၊ ၎င်းတိုက်ခိုက်သူများ၏ မိသားစုဝင်များလည်း ဂျေရုဆလင်တွင် နေထိုင်ခွင့် ဖယ်ရှားခံရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ထားသည်။

သီတင်းနှစ်ပတ်အတွင်း ပါလက်စတိုင်းတို့က သေနတ်ဖြင့်ပစ်ခြင်း၊ ဓားဖြင့် တိုက်ခိုက်ခြင်းများကြောင့် အစ္စရေး ရှစ်ဦးသေဆုံးသည်။ ထိုတိုက်ခိုက်သူများနှင့် အခြား ပါလက်စတိုင်း ၁၈ ဦးလည်း သေဆုံးခဲ့ရသည်။

ပါလက်စတိုင်းရွာများ အဝင်လမ်းများနှင့် အရှေ့ဂျေရုဆလင်တစ်ဝိုက်တွင် လုံခြုံရေးစစ်ဆေးဂိတ်များကို ထားရှိထားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက ရဲဌာနပြောခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီသို့ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly