ရွှေ့ပြောင်းအခြေစိုက်သူများအရေး တူရကီကို အီးယူဖိအားပေးမည်

ရွှေ့ပြောင်းအခြေစိုက်သူများအရေး တူရကီကို အီးယူဖိအားပေးမည်

ဥရောပသို့ ဝင်ရောက်ကြသည့် ရွှေ့ပြောင်းအခြေချသူများပြဿနာကို ကိုင်တွယ်ရှင်းလင်းရေး သဘောတူမူကြမ်း ကျိန်းသေနိုင်ရန်အတွက် တူရကီသို့ ဥရောပကော်မရှင်နာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ပြီဖြစ်သည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ထိပ်သီးအစည်းအဝေးမကျင်းပမီ သဘောတူညီမှု ရရှိထားရေးအတွက်အီးယူက မျှော်လင့်ထားသည်။

သို့သော် တူရကီတွင် အောက်တိုဘာ ၁၀ ရက်က အန်ကာရာ၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့၍ အမျိုးသားဝမ်းနည်းဖွယ်နေ့သုံးရက် သတ်မှတ်ထားမှုကြောင့် ကိစ္စရေးရာများ နှောင့်နှေးခဲ့ရသည်။

ယခုနှစ်အတွင်းမှပင် ပင်လယ်ကိုဖြတ်ကာ ဥရောပသို့ ဝင်ရောက်လာသူ နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းသူပေါင်း ၆၀၀၀၀၀ နီးပါးရှိနေသည်။ အများစုမှာ တူရကီမှတစ်ဆင့် ဝင်ရောက်ကြသူများ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းသူများ အဖွဲ့အစည်းက ပြောသည်။

တူရကီအနေဖြင့် အိမ်နီးချင်းစစ်ဖြစ်နေရာ ဆီးရီးယားမှ ထွက်ပြေးလာသူအများစုဖြစ်သည့် ရွှေ့ပြောင်းဝင်ရောက်သူပေါင်း နှစ်သန်းနီးပါးမျှ ရှိနေနိုင်သည်။

အီးယူနှင့်အတူ ယင်းပြဿနာကို ပူးပေါင်းဆောင်ရွက်မှုများ ပြန်စရေးအတွက် တူရကီအနေဖြင့် နိုင်ငံသားအားလုံး ဥရောပနိုင်ငံများသို့ ဗီဇာကင်းလွတ်သွားလာနိုင်ရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ဖိအားပေးခံရဖွယ်ရှိသည်။

သို့သော် ရွှေ့ပြောင်းဝင်ရောက်သူများ စီးဝင်မှုကို လျှော့ချနိုင်မှသာလျှင် အပေးအယူက ဖြစ်နိုင်မည်ဟု အီးယူကောင်စီဥက္ကဌ ဒေါနယ်တက်က သတိပေးထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly