ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေ

ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေ

ဟာဗားနား၊ စက်တင်ဘာ ၁၂ ။        ။ ကျူးဘားႏိုင်ငံဟာ လောင်စာဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သမ္မတ မီဂွယ်ဒိုင်ယက်ဇ်ကာနယ်က ဝန်ခံပြောကြားပေမယ့် ကျူးဘားကျွန်းနိုင်ငံအနေနဲ့ ၁၉၉၀ ခုနှစ်တွေတုန်းကလို စီးပွားရေး အတိဒုက္ခရောက်တာမျိုးတော့ ထပ်ကြုံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့တွေ အထူးကာလထဲ ရောက်နေတာတော့ မဟုတ်ပါဘူး။”လို့ သမ္မတ ကာနယ်က ပြောပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် မော်စကိုဆီကနေ အမတော်ထောက်ပံ့ကြေး မရရှိတော့တဲ့အတွက် ကျူးဘားမှာ စီးပွားရေး ပျက်ပြားခဲ့ရတဲ့ ကာလကို အတိုကောက် ရည်ညွန်းပြီး သမ္မတ ကာနယ်က ရုပ်သံကနေ နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံဆီ လောင်စာဆီ တင်သွင်းမှုတွေ အင်္ဂါနေ့မှာ အဆက်ပြတ်ခဲ့ရပြီး လာမယ့် စနေ၊ တနင်္ဂနွေအထိ လောင်စာဆီ သင်္ဘောတွေ ရောက်ရှိလာဖို့ မျှော်လင့်လို့ မရကြောင်း ၎င်းက ပြောပါတယ်။

အဓိက ပြဿနာဟာ ဒီဇယ်ပြတ်တောက်မှုပဲ ဖြစ်ပါတယ်။ ကျူးဘားမှာ ဘတ်စ်ကားတွေနဲ့ ဓာတ်အားပေးစက်ရုံ အများစုဟာ ဒီဇယ်အသုံးပြုနေတာဖြစ်ပေမယ့် သမ္မတကတော့ လျှပ်စစ်မီး ဆက်လက်ဖြန့်ဖြူးပေးသွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

ခုလို လောင်စာဆီ ပြတ်တောက်မှုချိန်မှာ အစိုးရနဲ့ ပြည်သူတွေအနေနဲ့ စွမ်းအင်ကို ချွေချွေတာတာ သုံးစွဲရမှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

လောစာဆီ ခိုးယူမှုတွေနဲ့ သိုလှောင်မှုတွေကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တိုင်ကြားကြဖို့လည်း သမ္မတ ကာနယ်က ပြည်သူတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝငဖြို့ ဖိတခြေါလြိုကပြါတယြ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly