ရင်သွေးငယ်များ သင်ယူသင့်သည့် ကိုယ်ခံပညာ အားကစား နည်း ၅ မျိုး

ရင်သွေးငယ်များ သင်ယူသင့်သည့် ကိုယ်ခံပညာ အားကစား နည်း ၅ မျိုး

ယနေ့ခေတ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပညာရပ်သည် လူကြိုက်များသော အားကစားနည်းတစ်ရပ်ဖြစ်လာခဲ့ပြီး အရွယ်စုံ လူတန်းစားမရွေး လေ့လာလိုက်စားလျက်ရှိသည်။ အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားခြင်းသည် ကျန်းမာရေးကို ကောင်းမွန် စေရုံသာမက စိတ်ဓာတ်မပျ့ံလွင့်အောင်လည်း ကူညီပေးနိုင်သည်။

ကလေးငယ်များအတွက်ဆိုလျှင်လည်း ကိုယ်ခံပညာအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာသင်ယူခြင်းသည် အပေါင်းအသင်းဆံ့ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရရှိစေခြင်း၊ တစ်ဦးအပေါ်တစ်ဦး လေးစားသမှုရှိစေခြင်း၊ သစ္စာစောင့်သိခြင်း၊ ဂုဏ်ယူစရာကောင်းခြင်း စ သည့် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။

ထို့အပြင် အခြေခံမှစ၍ သင်ယူတတ်မြောက်ထားပါက နောင်တစ်ချိန် ကမ္ဘာ့အဆင့် ထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား တစ်ဦးဖြစ်လာရမည်ဆိုသော ရည်မှန်းချက်ကောင်းများလည်း ကလေးများ၏အသိစိတ်ထဲ ကိန်းဝပ်သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပညာရပ်သည် လူသားများအတွက် ကောင်းကျိုးပြုသော အားကစားနည်းတစ်ခုဖြစ်ပြီး ကလေးငယ် များ လေ့လာသင်ယူသင့်သည့် ကိုယ်ခံပညာအားကစားနည်း ၅ ခုအကြောင်း ဖော်ပြလိုက်ပါသည်။

၅။ တိုက်ကွမ်ဒို

ကိုရီးယားရိုးရာကိုယ်ခံပညာရပ်ြဖစ်သော တိုက်ကွမ်ဒိုသည် လျင်မြန်သောအမြင့်ကန်ချက်များြဖင့် ပြိုင်ဘက်ကို တိုက်ခိုက်ရသော အားကစားနည်းဖြစ်ပြီး သားသမီးများအား သင်ကြားပြသပေးလိုသည့်မိဘများအတွက် ထိပ်ဆုံးမှထည့်သွင်းထားရသော အားက စားနည်းလည်းဖြစ်သည်။

တိုက်ကွမ်ဒိုကစားနည်းကို လေ့လာလိုက်စားခြင်းအားဖြင့် ကြွက်သားများ သန်မာစေသလို ခန္ဓာကိုယ်အနေအထား ပြောင်းလွယ်ပြင် လွယ်ရှိစေသည်။ ထို့အပြင် စိတ်တည်ငြိမ်မှုရစေသလို ခန္ဓာကိုယ်အနေအထား ဟန်ချက်ညီအောင်လည်း ပြုလုပ်ပေးနိုင်သည်။ တိုက် ကွမ်ဒိုသင်ယူရခြင်း၏ အဓိကအချက်က မိမိခန္ဓာကိုယ်ဟန်ချက်အနေအထားအား မည်သို့ထိန်းသိမ်းရမလဲဆိုသည်ကို သိရှိလိုခြင်းပင် ဖြစ်သည်။

ဒတ်ချ်-ဆူရီနမ် Kick Boxing ကစားသမား Regian “The Immortal” Eersel သည် အသက် ၈ နှစ်အရွယ်ကတည်းက တိုက်ကွမ်ဒို အားကစားနည်းကို လေ့လာသင်ယူခဲ့ပြီး မိမိကိုယ်ကိုကာကွယ်ရန် ယုံကြည်မှုရှိလာသလို အနာဂတ်ခရီးအတွက် ခွန်အားများလည်းရရှိခဲ့ သည်။ ၂၀၁၉ ခုနှစ်၊ မေလတွင်တော့ Eersel သည် ONE လိုက်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီဖြစ်လာခဲ့သည်။

၄။ ဂျူဂျစ်ဆ

“ နူးညံ့သိမ်မွေ့သောအနုပညာရပ်” ဟု တင်စားထားသည့် ဂျူဂျစ်ဆုသည် ကလေးငယ်များ လေ့လာသင်ယူစရာ ကိုယ်ခံပညာရပ်များအ နက် တစ်ခုအပါအဝင်ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူကို အနီးကပ်ရင်ဆိုင်တိုက်ခိုက်ရသည့် ဂျူဂျစ်ဆုကစားနည်းသည် ကြမ်းပြင်တွင် နပမ်း လုံးရာ၌ အနိုင်ရအောင် မည်သို့လုပ်ဆောင်ရမည်၊ မြေပြင်ချုပ်ကွက်နိုင်ပွဲများရရှိအောင် မည်သို့ကြိုးစားရမည်ဆိုသည်ကို လေ့လာသင် ယူနိုင်သည်။

အထူးသဖြင့် ပြိုင်ဘက်ဖြစ်သူ၏အမှားကို စိတ်ရှည်ရှည်စောင့်ဆိုင်းကာ လျှပ်တစ်ပြက်တိုက်ခိုက်ရလေ့ရှိေသာကြောင့် ကလေးငယ်များ စိတ်ရှည်သည်းခံစိတ် ရှိလာစေသလို အခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည့် ကျွမ်းကျင်မှု များကိုလည်း ရရှိစေနိုင်သည်။

ဘရာဇီးလ်ကစားသမား Bibiano “The Flash” Fernandes သည် မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် အသက်ငယ်ရွယ်စဉ်ကတည်း ကပင် ဂျူဂျစ်ဆုကစားနည်းကို လေ့လာလိုက်စားခဲ့သူဖြစ်သည်။ ဂျူဂျစ်ဆုကြောင့် ၎င်း၏နပမ်းစွမ်းရည်နှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံပ ညာရပ်များ တိုးတက်မှုများရှိလာသလို ဘဝလည်း တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့သည်။

၂၀၁၉ ခုနှစ်၊ မတ်လအတွင်း Fernandes သည် ONE ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုဆွတ်ခူးနိုင်ခဲ့ပြီး ယခုလို ချန်ပီယံတစ် ဦးဖြစ်လာစေရန် ဂျူဂျစ်ဆုက အထောက်အကူပြုခဲ့သည်။

ကရာတေး

လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ဒူးဖြင့်တိုက်ခိုက်ခြင်း၊ တံတောင်ဖြင့်တိုက်ခိုက်ခြင်း စသည့် တိုက်စစ်အသားပေးကစားရ သည့် ကရာတေးအားကစားနည်းသည် ဂျပန်ရိုးရာ ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။ ကရာတေးသည် မိမိကို ရန်ပြုလာသူများအား ယှဉ် ပြိုင်တိုက်ခိုက်ရာတွင် အားကိုးအားထားပြုနိုင်သည့် အားကစားနည်းတစ်ရပ်လည်းဖြစ်သည်။

ကရာတေးအားကစားနည်းသည် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရန် အကူအညီပေးနိုင်သလို ပေါ့ပါးလျင်မြန်သည့် အကျိုးကျေးဇူးကို လည်း ရရှိစေသည်။ မြန်မာနိုင်ငံကိုယ်စားပြုကာ ONE စူပါစီးရီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော စိုင်းဉာဏ်လင်းသည် မြန်မာ့ လက်ရွေးစင် ကရာတေးကစားသမားဟောင်းတစ်ယောက်ြဖစ်ပြီး ပြည်တွင်းပြည်ပပြိုင်ပွဲများ၌ ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ် သည်။

၎င်းက ကရာတေးကစားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရရှိေစသလို ရင်ဆိုင်ရနိုင်သည့် အခက်အခဲများကိုလည်း ဖြေရှင်းနိုင် စွမ်းရှိအောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။ ကလေးငယ်များကို ငယ်ရွယ်စဉ်ကတည်းက ကရာတေးအားကစားနည်းကို လေ့လာသင် ယူစေချင်ကြောင်းလည်း စိုင်းဉာဏ်လင်းက တိုက်တွန်းသည်။

နပမ်း

နပမ်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ကိုယ်ခံပညာရပ်တစ်ခုဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ မလှုပ်ရှားနိုင်စေရန် ခြေလက်တို့ဖြင့် ချုပ် ထားခြင်း၊ ကိုင်ပေါက်ခြင်းများက အခရာဖြစ်သည်။ နပမ်းကစားနည်းသည် လေ့လာသင်ယူရအခက်ဆုံးနှင့် ယှဉ်ပြိုင်ရအခက်ဆုံး အားက စားနည်းဟုလည်း သတ်မှတ်ခံထားရသည်။

နပမ်းကစားနည်းကို သင်ယူလိုပါက ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းရန် လိုအပ်ပြီး ကလေးငယ်များ လေ့လာသင်ယူပါက စိတ်ဓာတ်ပိုင်း ဆိုင်ရာ မာကျောစေသော အကျိုးကျေးဇူးကို ရရှိစေသည်။ ဖိလစ်ပိုင်-အမေရိကန်ကစားသမား Brandon “The Truth” Vera သည် ကောလိပ်တက်စဉ်ကတည်းက နပမ်းကစားနည်းကို လေ့လာခဲ့ပြီး အမေရိကန်လေတပ်သို့ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ချိန်တွင် လည်း တပ်တွင်းဖွဲ့စည်းထားသော နပမ်းအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ခဲ့သည်။

Vera သည် ၎င်း၏နပမ်းကျွမ်းကျင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်သောေကြာင့် လက်ရှိအချိန်တွင် ONE ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်လျက်ရှိသည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ

ကမ္ဘာပေါ်ရှိ မည်သည့်ကိုယ်ခံပညာရပ်ကိုမဆို အသုံးပြုတိုက်ခိုက်နိုင်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပညာရပ်သည် ကမ္ဘာ ကျော်ကစားသမားများကြောင့် ကလေးငယ်များ လေ့လာလိုက်စားလိုဆုံး အားကစားနည်းတစ်ရပ်ဖြစ်လာသည်။ ကိုယ်ခံပညာသိုင်း ပေါင်းစုံပညာရပ်သည် ပြိုင်ဘက်အပေါ် စည်းကမ်းတကျယှဉ်ပြိုင်ရသလို ကိုယ်နှစ်သက်ရာ ကိုယ်ခံပညာရပ်များဖြင့် ယှဉ်ပြိုင်ခွင့်လည်းရှိ သည်။

မတ်တပ်ရပ်ယှဉ်ပြိုင်နိုင်သလို မြေပြင်ချုပ်ကွက်ဖြင့်လည်း ယှဉ်ပြိုင်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများကို အကောင်းဆုံးပြုလုပ်ထား နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ ဗီယက်နမ်-သြစတြေးလျကစားသမား Martin “The Situ-Asian” Nguyen သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းကို အသက် ၂၁ နှစ်တွင်မှ စတင်လေ့လာလိုက်စားခဲ့သော်လည်း ၎င်း၏ ဇွဲသတ္တိကြောင့် ONE ၏ ဝိတ်တန်း ၂ တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်လျက်ရှိသည်။

ONE Hero Series August ပြိုင်ပွဲကို လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly