အမေရိကန်ရဲ့ အီရန်ကို စစ်ရေးရန်စနေတာက ကျဆုံးလိမ်မယ်လို့ သမ္မတ ရိုဟာနီ ပြော

By AFP
11 September 2019
အမေရိကန်ရဲ့ အီရန်ကို စစ်ရေးရန်စနေတာက ကျဆုံးလိမ်မယ်လို့ သမ္မတ ရိုဟာနီ ပြော

တီဟီရန်၊ စက်တင်ဘာ ၁၁ ။         ။ အမေရိကန်နိုင်ငံရဲ့ အီရန်အပေါ် စစ်ရေးရန်စနေတာဟာ ကျဆုံးလိမ့်မယ်လို့ အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောပြီး အီရန်ဖက်က တုံ့ပြန်ရင်း နျူကလီးယား ကတိကဝတ်တွေကို ဒီထက်ပို လျှော့ချသွားဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

“အမေရိကန်အနေနဲ့ နားလည်ရမှာက ရန်လိုတာ၊ စစ်ရေးရန်စတာတွေဟာ အလုပ်မဖြစ်ဘူးဆိုတာပါ။ နှစ်ခုစလုံးကို စွန့်လွှတ်သင့်တယ်။”လို့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ကက်ဘိနက်အစည်းအဝေးမှာ ရိုဟာနီက ပြောပါတယ်။

“ကျွန်တော်တို့အပေါ် ရန်သူတွေက ဖိအားတွေ အလွန်အကျွံပေးနေတယ်။ ကျွန်တော်တို့က ဒါကို တုံ့ပြန်ရင်း ရင်ဆိုင်သွားမှာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

ရန်ဖက်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အီရန်ကြားမှာ ပြီးခဲ့တဲ့နှစ် မေလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကနေ တစ်ဖက်သတ် နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျင့်သုံးလာချိန်ကစလို့ အခြေအနေ ပိုတင်းမာနေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အင်အားကြီးနိုင်ငံတွေပါ ပါဝင်ချုပ်ဆိုထားတဲ့ အဲဒီ သဘောတူညီချက်ကနေ နုတ်ထွက်တာကို အီရန်က လက်တုံ့ပြန်ရင်း သဘောတူညီချက်ပါ ကတိကဝတ်တွေကို တစ်ထစ်ချင်း မလိုက်နာဘဲ တုံ့ပြန်နေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly