မြန်မာ-ထိုင်းနယ်စပ်ဂိတ်အားလုံး မကြာမီ တရားဝင်ဖြစ်လာနိုင်ရေး ဆောင်ရွက်နေဟုဆို

မြန်မာ-ထိုင်းနယ်စပ်ဂိတ်အားလုံး မကြာမီ တရားဝင်ဖြစ်လာနိုင်ရေး ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၁ ။         ။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားရှိ နယ်စပ်ဂိတ်အားလုံးကို မကြာမီအချိန်အတွင်း တရားဝင်ဖွင့်လှစ်လာနိုင်ရေး ဆောင်ရွက်နေသည်ဟု  မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးသံမှူးကြီး Thanawut Naigowit  က မဇ္စျိမသို့ ပြောသည်။

“မြန်မာ- ထိုင်း နှစ်နိုင်ငံကြားမှာ နယ်စပ်ဂိတ်ပေါင်း ၂၀ ရှိပြီးတော့ တရားဝင် ဖွင့်လှစ်ထားတဲ့ ဂိတ် က၅ခုပဲ ရှိပါသေးတယ်။ ကြားထဲမှာ သေးသေးလေးတွေက၁၅ခုရှိပါတယ်။ ဒီ ၁၅ခုကိုလဲ မကြာခင် အချိန်အတွင်းမှာ တရားဝင် ဖြစ်လာဖို့အရေး နဲ့အရင်ကထက် ကုန်သွယ်စီးဆင်းမှု ပိုလွယ်ကူလျှင်မြန်လာ ရေးကို ကြိုးပမ်း နေပါ တယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် Cross Border Transportation  ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်လာမယ်လို့ယုံ ကြည်ပါတယ်” ဟုထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသံမှူးကြီးက ဆိုသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် နယ်စပ်ဂိတ်ပေါင်း၂ဝခန့်ရှိသည့်အနက် လက်ရှိတွင် မြဝတီ- မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း၊ ထီးခီး- ဖူနာရွန်- မောတောင်- ဒန် ဆင်ခွန်းစသည့်  နယ်စပ်ဂိတ် ငါးခုကိုကို တရားဝင်နယ်စပ်ဂိတ်များအဖြစ် သတ်မှတ်ဆောင်ရွက်ပြီးဖြစ်သည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြားနှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ တစ်နှစ်လျှင်ကန်ဒေါ်လာ ခုနှစ်ဘီလီယံ ပမာဏ ရှိပြီး၊ ယင်းပမာဏ၏ ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်ကုန်သွယ်ရေးမှ ဖြစ်သည်။  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား  သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက မကြာမီကာလတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြှင့်လာနိုင်မည်ဟု ထိုင်းနိုင်ငံဘက်မှ မျှော်မှန်းထားသည်။

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုတွင်  မြန်မာနိုင်ငံဘက်မှ သွင်းကုန်အနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဓါတ်မြေသြဇာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ စက်မှုကုန်ကြမ်းပစ္စည်း၊လူသုံး ကုန်ပစ္စည်းနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ယာဉ်၊ ယန္တရား၊ စသည်တို့ကို တင်သွင်းနေခြင်းဖြစ်ပြီး၊ ပို့ကုန်အနေဖြင့် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းမျိုးစုံ၊ ဆီအုန်းကြိတ်ဖက်၊ရာဘာ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ လုပ်ငန်းသုံးယဉ်၊ယန္တရား စသည် တို့ကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ပေးခြင်းလုပ်ငန်းများ (logistics) တိုးတက် ရေးကို အထောက်အကူပြုမည့် IICBTA (Initial Implementation of a Cross-border Transport Agreement) အတွက် နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။

“ထိုင်းနဲ့ မြန်မာက အိမ်နီးချင်း နိုင်ငံလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ မတ်လ မှာလည်း နယ်စပ်ကျော် သယ်ယူ ပို့ဆောင်ရေးကို လောလောလတ်လတ်ပဲ လက်မှတ်ထိုးထားတာဆိုတော့ နောက်ကျရင်ထိုင်းနဲ့မြန်မာ လေကြောင်း၊ ရေကြောင်းအပြင် land transportation ပေါ့။ ကုန်းလမ်းအနေနဲ့ အများကြီး သယ်ယူပို့ဆောင် နိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီးထိုးထားတဲ့ သဘောတူညီချက်အရဆိုရင် ထိုင်းနိုင်ငံက မော်တော်ယာဉ်က မြန်မာနိုင်ငံမှာရှိတဲ့ သီလဝါကို တိုက်ရိုက်ရောက်မှာ၊ မြန်မာပြန်က ကားတွေကလည်း ထိုင်းနိုင်ငံလေဆိပ်ကို သွားနိုင်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်ဟာ ဒီလို လုပ်နိုင်ဖို့အတွက် Logistics service ပူပေါင်းဆောင်ရွက်မှ ရမှာဆိုတော့ ဒီအချိန်ကို အချိန်ကိုက် Business Matchingကို လုပ်ပေးတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နီးနီးကပ် ဆောင်ရွက်ရတယ်ဆိုတော့ နားလည်မူတွေ ရလာမယ်။ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိထိရောက် ရောက် အကျိုးရှိမယ်လို့ထင်ပါတယ်” ဟု မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်းစည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း မှ ဥက္ကဋ္ဌ ဒေါ်အေးအေး ကပြောသည်။

မြန်မာအပါအဝင် မဲခေါင်မြစ်ဝှှမ်း ခြောက်နိုင်ငံ(GMS)ဒေသအတွင်း ကုန်စည်နှင့် လူများနယ်စပ်ဖြတ် ကျော်ပို့ ဆောင်မှု လွယ်ကူချော့မွေ့စေရေး မူဘောင်ဘဘောတူညီစာချုပ်Greater Mekong Subregion Cross-Border Transpot Facilitation Agreement- တွင် မြန်မာနိုင်ငံမှ၂၀၀၃ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင် လက်မှတ် ရေးထိုးခဲ့ပြီး၊ ယင်းခြောက်နိုင်ငံမှာမြန်မာ၊ တရုတ်၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly