တရုတ်က အမေရိကန်ထုတ်ကုန်တစ်ချို့ကို အခွန်အကောက်စာရင်းကနေ ဖယ်ရှားပေး

By AFP
11 September 2019
တရုတ်က အမေရိကန်ထုတ်ကုန်တစ်ချို့ကို အခွန်အကောက်စာရင်းကနေ ဖယ်ရှားပေး

စက်တင်ဘာ ၁၁ ။        ။ အမေရိကန် ထုတ်ကုန်ပစ္စည်း အမျိုးအစား ၁၆ ခုကို အခွန်အကောက် စာရင်းကနေ ဖယ်ရှားပေးပြီး သက်သာခွင့်ပေးမယ် ဆိုပြီး တရုတ်က စက်တင်ဘာ ၁၁ ရက်မှာ ကြေညာသွားပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ် ဖြစ်နေချိန် ခုလို အခွန်ကင်းလွတ်ခွင့်ပေးမှုကိုတော့ ပေကျင်းအစိုးရရဲ့ ငြိမ်းချမ်းရေးသင်္ကေတ တစ်ခု အဖြစ်လည်း ရှုမြင်နိုင်ပါတယ်။

အလားတူ ဒါဟာ လာမယ့်လထဲ ၀ါရှင်တန်မှာ ပြုလုပ်မယ့် တရုတ်နဲ့ အမေရိကန်အကြား အဆင့်မြင့်လယ်ဗယ် ကုန်သွယ်ရေး ဆွေးနွေးပွဲတစ်ရပ် မတိုင်ခင် ခုလို တရုတ်ရဲ့ ကြေညာချက်ထွက်ရှိလာတာ ဖြစ်ပါတယ်။

အခွန် ကင်းလွတ်ခွင့်ပေးမယ့် အမေရိကန် ထုတ်ကုန်တွေထဲမှာတော့ တိရစ္ဆာန် အစာတွေ၊ ကင်ဆာ ဆေးဝါးတွေ၊ ချောဆီ စတဲ့ ကုန်ပစ္စည်းတွေ ပါဝင်မှာဖြစ်ပေမယ့် စိုက်ပျိုးရေး ထုတ်ကုန်တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။

အဆိုပါ ထုတ်ကုန်တစ်ချို့ အခွန်ကင်းလွတ်ခွင့်ပြုမှုကတော့ စက်တင်ဘာ ၁၇ ရက်ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ အထိ အကျုံးဝင်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly