ယူရိုခြေစစ်ပွဲအဆင့်မှာ သွင်းဂိုးစံချိန်သစ် ယူသွားခဲ့တဲ့ ရော်နယ်လ်ဒို

ယူရိုခြေစစ်ပွဲအဆင့်မှာ သွင်းဂိုးစံချိန်သစ် ယူသွားခဲ့တဲ့ ရော်နယ်လ်ဒို

မနေ့က ကစားခဲ့တဲ့ လစ်သူယေးနီးယားနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲအဆင့်တွေမှာ သွင်းဂိုး (၂၅)ဂိုးအထိဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ နိုင်ငံတကာသွင်းဂိုး (၉၃)ဂိုးအထိ ရှိလာခဲ့ပြီး အီရန်ဂန္တဝင်တိုက်စစ်မှူး အလီဒါယီရဲ့ ကမ္ဘာ့စံချိန်ဖြစ်တဲ့ (၁၀၉)ဂိုးရဲ့နောက် (၁၆)ဂိုးအကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲအစ (၇)မိနစ်မှာပဲ ပင်နယ်တီကတဆင့် ဂိုးသွင်းယူခဲ့ပြီး အဲဒီနောက် ဒုတိယပိုင်းမှာလည်း နောက်ထပ် (၃)ဂိုးထပ်မံသွင်းယူပေးခဲ့ပြီးနောက် ပွဲအပြီးမှာ ပေါ်တူဂီအသင်းကလည်း လစ်သူယေးနီးယားကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

ဒါ့အပြင် ယူရိုခြေစစ်ပွဲတွေမှာ စုစုပေါင်း (၂၃)ဂိုးအထိ သွင်းယူထားခဲ့တဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းရဲ့ ဂိုးသွင်း မှတ်တမ်းကို (၂)ဂိုးအသာနဲ့ ရော်နယ်လ်ဒိုက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လစ်သူယေးနီးယားကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ အုပ်စု (B) ကို ဦးဆောင်နေတဲ့ ယူကရိန်းအသင်းရဲ့နောက် ရမှတ် (၅)မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီလည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အင်ဒိုရာအသင်းနဲ့ပွဲမှာ (၄)ဂိုးသွင်းယူခဲ့တဲ့ အသက် (၃၄)နှစ်အရွယ် ရော်နယ်လ်ဒိုအတွက် ဒါဟာ နိုင်ငံတကာပွဲစဉ်တွေမှာ (၈)ကြိမ်မြောက် ဟက်ထရစ်လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly