အကောင်းဆုံး စမတ်ဖုန်း ကိုင်ဆောင်လိုသူတွေအတွက်ဆိုပြီး မိတ်ဆက်ပြသလိုက်တဲ့ iPhone 11

အကောင်းဆုံး စမတ်ဖုန်း ကိုင်ဆောင်လိုသူတွေအတွက်ဆိုပြီး မိတ်ဆက်ပြသလိုက်တဲ့ iPhone 11

၀ါရှင်တန်၊ စက်တင်ဘာ ၁၁ ။        ။ Apple ကုမ္ပဏီဟာ စက်တင်ဘာ ၁၀ ရက်နေ့ညက ပြုလုပ်တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ အမှန်တကယ် ထူးခြားတဲ့စမတ်ဖုန်းလို့ ကြေညာရင်း သူ့ရဲ့ iPhone 11 ကို မိတ်ဆက်ပြသလိုက်ပါတယ်။

အခု iPhone 11 ဟာ အကောင်းတကာ့ အကောင်းဆုံး စမတ်ဖုန်းတစ်လုံး ကိုင်ဆောင်လိုသူတွေအတွက် ခေတ်မီဆန်းပြားတဲ့ စွမ်းဆောင်ရည်တွေကို ရရှိလိမ့်မှာဖြစ်တယ်လို့ နည်းပညာကုမ္ပဏီကြီး Apple က ပြောပါတယ်။

အခု မိတ်ဆက်ပြသတဲ့ iPhone 11 စီးရီးဖြစ်တဲ့ iPhone 11၊ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့မှာ A13 Bionic chip ကို အသုံးပြုထားပါတယ်။

ယခင် XS ဖုန်းတွေထက် ဘတ္ထရီအသုံးခံမှု လေးနာရီ ပိုခံတယ်လို့ ဆိုပြီး ကင်မရာပိုင်းမှာတော့ ယခင်က ဖုန်းတွေထက် ကင်မရာတွေ ပိုထည့်သွင်းပေးထားပြီး ကင်မရာ ၃ လုံး တပ်ဆင်ပေးထားပါတယ်။

ဒါပေမယ့် iPhone 11 ဖုန်းမှာ 5G model တော့ မရဘဲ ကောလဟလ ထွက်ပေါ်နေတဲ့ features သစ်တွေလည်း မပါလာပါဘူး။

အခု မိတ်ဆက်ပွဲမှာ Apple ဟာ သူ့ရဲ့ Smart watch နာရီသစ်ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။

iPhone 11 တွေဟာ Wireless charging ကို ထောက်ပံ့ပေးထားပြီး ပိုမိုမြန်ဆန်တဲ့ Face ID စနစ် ထည့်သွင်းပေးထားပါတယ်။

မနှစ်က ထုတ်လုပ်တဲ့ LCD မျက်နှာပြင် ၆ ဒသမ ၁ လက်မရှိ iPhone XR ရဲ့ မျိုးဆက်သစ် iPhone 11 ဗားရှင်းနှစ်မျိုးမှာ OLED မျက်နှာပြင်နဲ့ အဆင့်မြှင့်တင်မွမ်းမံထားပြီး ၅ ဒသမ ၈ လက်မ၊ ၆ ဒသမ ၅ လက်မ မျက်နှာပြင်တွေ ရှိပါတယ်။

အသစ် မိတ်ဆက်ပြသတဲ့ iPhone 11 တွေကို စက်တင်ဘာ ၁၃ ရက်မှာ Pre-order မှာကြားဝယ်ယူလို့ရပြီး စက်တင်ဘာ ၂၀ ရက်မှာ စျေးကွက်တင် ရောင်းချမှာ ဖြစ်ပါတယ်။

နောက်ဆုံးထုတ် iPhone 11 ရဲ့ စျေနှုန်းကတော့ XR ဖုန်းတွေထက် စျေးအနည်းငယ် ချိုပြီး Storage ပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၆၉၉ ဒေါ်လာကနေ ၈၄၉ ဒေါ်လာကြား ရှိပါတယ်။

Pro model iPhone 11 ဖုန်းတွေကတော့ XS ဖုန်းတွေထက် စျေးပိုကြီးပြီး ဒေါ်လာ ၉၉၉ ဒေါ်လာကနေ ဒေါ်လာ ၁၄၄၉ ဒေါ်လာကြား ရှိမှာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly