အသားစားသူတွေနဲ့ ယှဉ်ရင် သက်သက်လွတ်သမားတွေက လေဖြတ်နိုင်ခြေ ပိုမြင့်မားကြောင်း လေ့လာချက်သစ်တစ်ခုမှာ ဖော်ပြ

အသားစားသူတွေနဲ့ ယှဉ်ရင် သက်သက်လွတ်သမားတွေက လေဖြတ်နိုင်ခြေ ပိုမြင့်မားကြောင်း လေ့လာချက်သစ်တစ်ခုမှာ ဖော်ပြ

စက်တင်ဘာ ၁၀ ။           ။ အသားမစားတဲ့ သက်သက်လွတ် သမားတွေဟာ တကယ်တမ်းမှာ အသားစားသူတွေနဲ့ စာရင် လေဖြတ်နိုင်ခြေ ပိုမြင့်မားနိုင်ကြောင်း လေ့လာချက်တစ်ခုက ဖော်ပြလိုက်ပါတယ်။

ခုလို အံ့အားသင့်စရာ တွေ့ရှိချက်တွေကို ထုတ်ဖော်လိုက်တဲ့ လေ့လာချက်သစ်ကြောင့်လည်း သက်သက်လွတ်သမားတွေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာစေနိုင်ဖွယ်လည်း ရှိနေပါတယ်။

သို့ပေမယ့်လည်း ယခု တွေ့ရှိချက်တွေကြောင့် သက်သက်လွတ် အကျင့်ကို စွန့်ပြီး အသား ပြေးဝယ်စားဖို့အတွက်ကတော့ စောလွန်းနေပါသေးတယ်။

BMJ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ယင်း လေ့လာချက်စစ်တမ်းအရ ဆိုရင် လေဖြတ်နိုင်ခြေနှုန်းက အနည်းငယ်သာလျင် မြင့်တက်တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ  သက်သက်လွတ်သမားတွေက အသားစားသူတွေထက်စာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးနိုင်တယ်ဆိုတဲ့ တစ်ခြား လေ့လာချက်တွေမှာ တွေ့ရှိချက်တွေကိုလည်း ယခုလေ့လာချက်မှာ အတည်ပြုသွားခဲ့ပါတယ်။

“ ဒီနေရာမှာ ရလဒ်နှစ်ခုကို ကျွန်တော်တို့ ယှဉ် ကြည့်ခဲ့တယ်ဆိုတာကို အလေးထားနိုင်ဖို့ အရေးကြီးပါတယ်၊  နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးမှုက လေဖြတ်နိုင်ခြေ မြင့်မားမှုထက် ပိုအလေးသာနေပုံလည်း ပေါ်ပါတယ်” လို့ ယခုလေ့လာချက်မှာ ပါဝင်ရေးသားခဲ့တဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ Nuffield ဌာနက အစာ အာဟာရ ဆိုင်ရာ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး ပညာရှင် Tammy Tong က ပြောသွားပါတယ်။

ဆယ်နှစ်တာကာလအတွင်း လူပေါင်း ၁,၀၀၀ နှုန်းမှာ သက်သက်လွတ်သမားတွေက အသားစားသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါဖြစ်ပွားမှုဖြစ်စဉ် ၁၀ ခု ပိုနည်းပြီး လေဖြတ်မှု ဖြစ်စဉ်ကတော့ သုံးခု ပိုများကြောင်း ဒေတာအချက်အလက်တွေအပေါ် မူတည်ပြီး သုတေသီတွေက အကဲဖြတ်ခန့်မှန်းသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly