မက္ကဆီကိုမှာ လူမိုက်ဂိုဏ်းက မုဒိမ်းသံသယရှိသူရဲ့ငယ်ပါကို ခွေးစာကျွေးပြီး နှိပ်စက်ညှင်းပမ်း

မက္ကဆီကိုမှာ လူမိုက်ဂိုဏ်းက မုဒိမ်းသံသယရှိသူရဲ့ငယ်ပါကို ခွေးစာကျွေးပြီး နှိပ်စက်ညှင်းပမ်း

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၉ ။         ။  မက္ကဆီကိုနိုင်ငံမှာ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းဟာ ဖမ်းဆီးမိတဲ့ မုဒိမ်းသံသယရှိသူကို ၎င်းရဲ့ ငယ်ပါကို ခွေးတစ်ကောင်ကို ကိုက်ဖြတ်စားသောက်ခိုင်းပြီး နှိပ်စက်ညှင်းပမ်းးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက မက္ကဆီကိုစီးတီးမြို့မှာ အမျိုးသမီးတစ်ဦးကို လိင်ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုပြီး အသက် ၃၀ အရွယ် အဲဒီ အမျိုးသားကို ခုလို ဖမ်းဆီးနှိပ်စက်တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ခြောက်ခြားဖွယ် ဗီဒီယိုဖိုင်မှာ မုဒိမ်းသံသယရှိသူဟာ အဝတ်ဗလာနဲ့ မြေပေါ် လဲလျောင်းနေပြီး လက်ထိပ်ခတ်လျက်တန်းလန်း ရှိနေပါတယ်။

သူ့ဘေးမှာ လူ ငါးဦးက ဝိုင်းရံထားပြီး Pit bull ခွေးတစ်ကောင်က အဲဒီ မုဒိမ်းသံသယရှိသူရဲ့ ငယ်ပါကို စားသောက်နေတဲ့ ဗီဒီယို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုမှာ အဖြူပေါ် အညိုကွက်ပါတဲ့ အဲဒီခွေးဟာ မုဒိမ်းသံသယရှိသူရဲ့ ငယ်ပါကို ကိုက်ဝါးတဲ့ မြင်ကွင်းကို မြင်ရပြီး အဲဒီအမျိုးသားရဲ့ လိင်တံနဲ့ ကပ်ပယ်အိတ်ကို ကိုက်ဖြတ်လို့ စားသောက်ပစ်လိုက်တာပါ။

ဒီလို နှိပ်စက်ခံရသူဟာ “မလုပ်ပါနဲ့ ကျွန်တောhကို လွှတ်ပေးပါ။”လို့ အော်ဟစ်နေပြီး လူမိုက်ဂိုဏ်းဝင်တွေ ကတော့ သူ့ကို ဝိုင်းပြီး ကြည့်နေကြပါတယ်။

ဒီနောက်တော့ လူမိုက်တစ်ဦးက အကူအညီတောင်းအော်ဟစ်နေတဲ့ အဲဒီအမျိုးသားရဲ့ ပါးစပ်ကို အဝတ်စနဲ့ ဆို့ထားလိုက်ပါတယ်။

ဘေးမှာလည်း နောက်ထပ် ခွေးတစ်ကောင် ရှိနေပြီး အဲဒီ ခွေးကတော့ ဝင်ရောက်ကိုက်ဖြတ်တာမျိုး မရှိပါဘူး။

ဒီဖြစ်ရပ်ကို လူမိုက်ဂိုဏ်းသားတစ်ဦးက ဗီဒီယိုရိုက်ထားတာ ဖြစ်ပြီး စွပ်စွဲခံ မုဒိမ်းသမားဟာ ဆာလောင်မွတ်သိပ်နေတဲ့ ခွေးရဲ့ သင်းကွပ်တာခံလိုက်ရတာကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။

အဲဒီ ဆိုးဝါးတဲ့ လက်စားချေတဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့ လက ထွက်ပေါ်လာတာဖြစ်ပြီး ဌာနေသတင်းတွေမှာတော့ အမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်သူကို လူမိုက်ဂိုဏ်းက ဖမ်းပြီး ခုလို ငယ်ပါကို ခွေးစာကျွေးပစ်တာလို့ ဆိုပါတယ်။

ရာဇဝတ်မှု ထူပြောတဲ့ မြို့မှာ နောက်ထပ်မုဒိမ်းသမားတွေကို သတိပေးလိုက်တဲ့သဘောနဲ့ အခု ဗီဒီယိုကို ထုတ်လွှင့်လိုက်တာလို့လည်း ဆိုပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ရာဇဝတ်မှုတွေ ထူပြောပြီး ၂၀၁၈ က မုဒိမ်းမှုပေါင်းဟာ လူတစ်သိန်းမှာ ၁၂ ဒသမ ၆ ဦးနှုန်း ဖြစ်ပွားတဲ့နှုန်း ရှိခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly