ဖိလစ်ပိုင်မှာ ပထမဆုံး ဝက်တုပ်ကွေး ရောဂါဖြစ်ပွားမှု အတည်ပြု

By AFP
09 September 2019
ဖိလစ်ပိုင်မှာ ပထမဆုံး ဝက်တုပ်ကွေး ရောဂါဖြစ်ပွားမှု အတည်ပြု
African swine fever, which has been reported for the first time in the Philippines, is not harmful to humans but deadly in pigs Photo: AFP / INA FASSBENDER

စက်တင်ဘာ ၉ ။        ။ နိုင်ငံမှာ အာဖရိက ဝက် အပြင်းဖျား ရောဂါ ပထမဆုံး စဖြစ်နေပြီဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တို့က စက်တင်ဘာ ၉ ရက်မှာ  အတည်ပြုပါတယ်။

ဒါဟာ ဆလိုဗက်ကီးယားကနေ စပြီး တရုတ်အထိ ဝက်ကောင်ရေ မြောက်မြားစွာကို သုတ်သင်ခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဝက်တုပ်ကွေး ရောဂါကို နောက်ထပ် နိုင်ငံတစ်နိုင်ငံမှာ ထပ်မံတွေ့ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

မြို့တော် မနီလာအနီးက မြို့နှစ်မြို့မှာ ယင်း ရောဂါပိုး ကူးစက်ခံထားရတဲ့ ဝက်တွေကို တွေ့ရှိထားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် အာဏာပိုင်တွေက ယင်း ဧရိယာ တစ်ဝိုက်အတွင်း ဝက်ကောင်ရေ ၇,၀၀၀ ကျော်ကို သုတ်သင်လိုက်ရကြောင်း စိုက်ပျိုးရေးဝန်ကြီး ဝီလီယမ် ဒါးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံအနေနဲ့ ကူးစက်ရောဂါတစ်ခုနဲ့ ကြုံတွေ့နေရခြင်း မရှိတဲ့အတွက် ဖိလစ်ပိုင်ပြည်သူတွေအနေနဲ့ ဝက်သားကို ဆက်လက်စားသုံးနိုင်ကြောင်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ အရှေ့တောင်အာရှ နိုင်ငံကတော့ ကမ္ဘာ့ ရှစ်ခုမြောက် အကြီးဆုံး ဝက်သား ထုတ်လုပ်သူဖြစ်ပြီး ယင်းရဲ့ ဝက်သား ထုတ်လုပ်ငန်းဟာ ကန်ဒေါ်လာ ၅ ဘီလီယံမျှ ရှိမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly