အလုပ်သမားခေါင်းဆောင်များကို တရားစွဲထားမှု ပယ်ဖျက်ရေး တောင်းဆို

09 September 2019
အလုပ်သမားခေါင်းဆောင်များကို တရားစွဲထားမှု ပယ်ဖျက်ရေး တောင်းဆို

အလုပ်သမားခေါင်းဆောင်များအပေါ် ခိုင်လုံမှု မရှိဘဲ တရားစွဲဆိုမှု ပယ်ဖျက်ရေး၊လုပ်ငန်းခွင်အခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ လူမှုဖူလုံရေးအာမခံစနစ်များ အားကောင်းလာရေး၊ ဖျန်ဖြေရေး ယန္တရား အားကောင်းလာရေးနှင့် အလုပ်သမားအခွင့်အရေးအတွက် စုပေါင်းတောင်းဆိုပိုင်ခွင့်ရရှိရေး အတွက် ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံအလုပ်သမားများက စက်တင်ဘာလ ၈ရက်နေ ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

“အဓိက အချက်၅ချက်ရှိပါတယ်၊အလုပ်သမားအခွင့်အရေးတွေ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး၊ ဖူလုံရေးအာမခံအားကောင်းဖို ့၊ခေါင်းဆောင် ၇ ယောက်ကို တရားစွဲထားတာရှိပါတယ်၊ မတရားအမှုကြီးပါ” ဟု ဆန္ဒဖော်ထုတ်တောင်းဆိုသူများမှ ကိုအောင်နိုင်ဝင်းက မဇ္စျိမသို ့ပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly