အိန္ဒိယက ကက်ရှ်မီးယားမှာ ကာဖျူးမိန့် ပြဌာန်းပြီး လုံခြုံရေးတင်းကြပ်

By AFP
09 September 2019
အိန္ဒိယက ကက်ရှ်မီးယားမှာ ကာဖျူးမိန့် ပြဌာန်းပြီး လုံခြုံရေးတင်းကြပ်

ကက်ရှ်မီးယား၊ စက်တင်ဘာ ၉ ။        ။ ငြိမ်သက်မှု ကင်းမဲ့ရာ ကက်ရှ်မီးယားဒေသမှာ စုရုံးဆန္ဒပြမှုတွေကို အိန္ဒိယက ဖြိုခွင်းလျက် ရှိနေစဉ်မှာ ကက်ရှ်မီးယားက နေရာအချို့မှာ ကာဖျူးမိန့် ပြဌာန်းကြောင်း တနင်္ဂနွေက ကြေညာလိုက်ပါတယ်။

“ပြည်သူတွေအနေနဲ့ နေအိမ်ထဲမှာပဲ နေကြပြီး အပြင်မထွက်ဖို့ အကြံပေးပါတယ်။ ဆူပူအကြမ်းဖက်သမားတွေကို ဥပဒေနဲ့အညီ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။”လို့ ကက်ရှ်မီးယား ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆရီနာဂါမြို့မှာ ရဲတွေက အသံချဲ့စက်တွေနဲ့ လှည့်လည်ကြေညာပါတယ်။

ဘာသာရေစုရုံးမှုတွေကို တားမြစ်ထားချိန် ရှီယိုက်မွတ်စလင်တွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီးနောက်မှာ အဲဒီ နယ်မြေဧရိယာကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတာပါ။

“ငြိမ်းချမ်းရေးနဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် ခုလို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာဖို့ လိုအပ်တယ်။”လို့ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အေဂျက်ဒိုဗယ်က ပြောပါတယ်။

ပါကစ္စတန်က အကြမ်းဖက်သမားတွေ ဖြန့်ကြက်နေတာကို မရပ်မချင်း တင်းတင်းကြပ်ကြပ် အရေးယူ အုပ်ချုပ်သွားမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ ကက်ရှ်မီးယားဒေသမှာ ခုလို မတည်မငြိမ်ဖြစ်အောင် ပါကစ္စတန်က နောက်ကွယ်ကနေ ပံ့ပိုးနေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ ဥပဒေကို ဖျက်သိမ်းလိုက်ပြီး အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း တစ်ပြေးညီ ထည့်သွင်းလိုက်ရာကနေ ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly