မူလတန်းကလေးများကို အခြေခံပန်းချီနှင့် ကာတွန်းရေးဆွဲနည်းများ အခမဲ့သင်ကြားပေးမည်

မူလတန်းကလေးများကို အခြေခံပန်းချီနှင့် ကာတွန်းရေးဆွဲနည်းများ အခမဲ့သင်ကြားပေးမည်
(ဓာတ်ပုံ ကိုကိုအောင်-မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၉ ။              ။ မန္တလေးခရိုင်းအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကလေးငယ်များအား အခြေခံပန်းချီးနှင့်ကာတွန်း ရေးဆွဲနည်းများကိုအခမဲ့ လိုက်လံ သင်ကြားပေးသွားမည်ဟု ပန်းချီနှင့်ကာတွန်းဆရာ ဦးရွှေမော် (မြောက်ပြင်တော် က ကိုရွှေမော်)ကပြောသည်။

အခြေခံပညာမူလတန်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကလေးများကို ပန်းချီနှင့်ကာတွန်းပညာများ ဝါသနာပါလာစေရန်အတွက် ရည်ရွယ်၍ မူလတန်းကျောင်းများတွင် လိုက်လံ၍ အခမဲ့ သင်ကြားပေးရန် စီစဉ် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဦးရွှေမော်(မြောက်ပြင်တော်က ကိုရွှေမော်)ကပြောသည်။

"ကလေးတွေရဲ့ စိတ်ကူးပုံရိပ်လေးတွေ။အမြင်လေးတွေ။တွေ့နေတာလေးတွေကို အရုပ်လေးတွေကို ဆွဲတတ် စေချင်တယ်။အရောင်လေးတွေနဲ့ကစားတတ်စေချင်တယ်။ဒီလိုလုပ်ချင်းအားဖြင့် သူတို့ရဲ့စိတ်လေးတွေ နူးညံ့လာမယ်။"ဟု ၎င်းက ပြောသည်။

ထိုသို့ အခမဲ့လိုက်လံသင်ကြားပေးရာတွင် ကျောင်းအုပ် ဆရာ၊ဆရာမကြီးများ သတ်မှတ်ပေးသည့် အချိန်များကိုသာယူ၍ စာသင်လွတ်သည့် အချိန်များတွင်သာ သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

"စာသင်ချိန်မပျက်အောင် မလျှော့အောင် လွတ်တဲ့အချိန် ပေးတဲ့ အချိန်မှာ သင်ပေးမှာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျေးရွာက စာသင်ကျောင်းတွေက ကလေးတွေကို ပိုပြီးသင်ကြား ပေးချင်တယ်။ ဘာဖြစ် လို့လည်း ဆိုတော့ သူတို့ဝါသနာပါရင်တောင် သင်တန်းတွေ ဘာတွေတက်ဖို့ခက်တယ်။မြို့ကျောင်းတွေက လွယ်တယ်။ဒါကြောင့် ရွာကျောင်းတွေကို ပိုပြီးသင်ပေးချင်တယ်။"ဟု ဦးရွှေမော်(မြောက်ပြင်တော်က ကိုရွှေမော်) က ပြောသည်။

အခမဲ့သင်ကြားခြင်းကို ဦးရွှေမော်(မြောက်ပြင်တော်က ကိုရွှေမော်)နှင့် ဖိုးချစ်(မန္တလေးတောင်ခြေ)တို့က ဦးဆောင်၍ ပန်းချီဆရာ ၅ ဦးဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမဲ့သင်ကြားခြင်းအပေါ် ဆက်သွယ်သင်ကြားလိုသည့် အခြေခံပညာမူလတန်းကျောင်းများအနေဖြင့် ဦးရွှေမော်(မြောက်ပြင်တော်က ကိုရွှေမော်)ဖုန်း-၀၉၃၃၃၁၅၆၆၆ နှင့် ဖိုးချစ်(မန္တလေးတောင်ခြေ)ဖုန်း-၀၉၄၂၂၁၄၄၃၇၁ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly