ဂျပန်မှာ ဖာစီတိုင်ဖုန်း ဝင်ရောက်တိုက်ခိုက်လို့ ဒါဇင်များစွာ ဒဏ်ရာရပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေ

ဂျပန်မှာ ဖာစီတိုင်ဖုန်း ဝင်ရောက်တိုက်ခိုက်လို့ ဒါဇင်များစွာ ဒဏ်ရာရပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေ

စက်တင်ဘာ ၉ ။        ။ ဂျပန်နိုင်ငံ မြို့တော် တိုကျိုအနီးမှာ ဒီကနေ့ အစောပိုင်းက ဖာစီ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် ယာဉ်သွားယာဉ်လာတွေ ဖရိုဖရဲဖြစ်ပြီး အိမ်ခြေပေါင်း ကိုးသိန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

ဒီ တိုင်ဖုန်းမုန်တိုင်းအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ဒါဇင်များစွာ ရှိတယ်လို့ ဌာနေ မီဒီယာတွေက ဖော်ပြပါတယ်။

ပစိဖိတ် မုန်တိုင်းဖြစ်တဲ့ ဖာစီမုန်တိုင်းဟာ ဒေသစံတော်ချိန် နံနက် ၅ နာရီဝန်းကျင်မှာ တိုကျို အရှေ့မြောက်ဖက် ချီဘာအရပ်ဆီ ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရာသီမှာ ၁၅ ခုမြောက် တိုင်ဖုန်းမုန်တိုင်းဖြစ်တဲ့ ဖာစီ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ၁၄၄ ကီလိုမီတာရှိပြီး လေပြင်းပြင်းအားက တစ်နာရီ ၂၁၆ ကီလိုမီတာနှုန်း ရှိကာ အရှေ့မြောက်ဆီ ဦးတည်တိုက်ခတ်တာဖြစ်တယ်လို့ ဂျပန်မိုးလေဝသဌာနက ကြေညာပါတယ်။

ဂျပန်ကျွန်းစုတွေက အကြီးဆုံး ဟွန်ရှုးကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာ မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာဆီ တစ်နာရီ ကီလိုမီတာ ၃၀ လေတိုက်နှုန်းနဲ့ ရွှေ့လျားနေတယ်လို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။

မုန်တိုင်းကြောင့် တာတီယာမာအရပ်မှာ ထိခိုက်ဒဏ်ရာရသူ တစ်ဒါဇင်ကျော် ရှိပြီး ချီဘာမြို့မှာတော့ ဆယ်ဦးရှိတယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly