အလုပ်သမားများကို မူလဌာနတွင်အလုပ်ပြန်လည်ခန့်ထားရေး ကုန်တင် ကုန်ချအလုပ်သမားများ တောင်းဆို

အလုပ်သမားများကို မူလဌာနတွင်အလုပ်ပြန်လည်ခန့်ထားရေး ကုန်တင် ကုန်ချအလုပ်သမားများ တောင်းဆို
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

စက်တင်ဘာလ ၈ ။         ။ ကြည်မြင်တိုင် မြို့နယ် ရှိ ဗဟိုစံပြငါးစျေးတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသည့် အလုပ်သမား ၅၀ ကျော်ခန့်က အလုပ်သမား ခြောက် ဦးအား မူလဌာနတွင် အလုပ်ပြန်လည်ခန့်ထားရေးအပါအဝင်  အချက်သုံးချက်အား ဆန္ဒပြ တောင်းဆိုခဲ့သည်။

 ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ဆူးလေပန်းခြံရှေ့ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်ခဲ့ပြီး အလုပ်သမား ခြောက် ဦးအား မူလဌာန တွင်အလုပ်ပြန်လည်ခန့်ထားရေး ၊ အလုပ်မဆင်းရသည့် ရက်များအတွက် ကြားကာလနစ်နာကြေးပေးရေး နှင့် အဂတိလိုက်စားသည့် ဝန်ထမ်းများအား ဖော်ထုတ်အရေးယူပေးရေး စသည့် အချက်များကို  ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

" ဆန္ဒပြပွဲမလုပ်ခင် ပထမရက်မှ ပဲ မြို့နယ်ဦးစီးက ပြောပါတယ်။ဆန္ဒပြရင် အလုပ်ဖြုတ်ခံရမယ်လို့ပြောတယ်။တကယ်ပဲ ၂၀၁၉ ဧပြီ ၄ ရက်နေ့ မှာ အလုပ်က ဖြုတ်လိုက်တဲ့ အတွက် ကျွန်တော်တို့ ဝန်ကြီးချုပ် နဲ့ ဧပြီ ၅ ရက်နေ့မှာ တွေ့ဖို့ ခွင့်တောင်းပါတယ်။ ဝန်ကြီးချုပ်က စုံခုံဖွဲ့ပြီးတော့ အမြန်ဆုံးစစ်ဆေးပေးပါမယ်လို့ပြောခဲ့တယ်။ စုံခုံကတင်တဲ့အစီရင်ခံစာတွေကို ရန်ကုန်တိုင်းအစိုးရ ဆုံးဖြတ်ချက်ချပါတယ်။ပထမဆုံးဖြတ်ချက်မှာ  မတရားအလုပ်ဖြုတ်ခံရတဲ့အတွက်  ပြန်ခန့်ဖို့ ညွှန်ကြားပြီးသားဖြစ်ပါတယ် " ဟု ကြည်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး ငါးတောင်းဌာန ခွဲ မှ ကိုကျော်သန်းက မဇ္စျိမ ကိုပြောသည်။

ကြီးမြင့်တိုင်မြို့နယ် ကုန်တင်ကုန်ချ ကော်မတီက စံပြငါးစျေးရှိ ပျံကျလုပ်သားများကို တရားဝင် လုပ်သားများအဖြစ် ဆောင်ရွက်မှုကို အခြေခံအလုပ်သမားအဖွဲ့စည်း၂ က ကန့်ကွက်ရာမှတစ်ဆင့် သတင်းစာ ရှင်းလင်းပွဲများ ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် အလုပ်သမားများ အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုအကြိမ် ဆန္ဒထုတ်ဖော်ခြင်းသည့် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ခွင့်ပြုမိန့်တင်၍ ပြုလုပ်ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly