နှစ်ပေါင်း လေးဆယ်နီးပါး ပိတ်ထားသည့် ကျောက်တံတားမြို့နယ်က ဘုန်းကြီးကျောင်း ပြန်လည်ရရှိ

နှစ်ပေါင်း လေးဆယ်နီးပါး ပိတ်ထားသည့် ကျောက်တံတားမြို့နယ်က ဘုန်းကြီးကျောင်း ပြန်လည်ရရှိ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

စက်တင်ဘာလ ၈ ။          ။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ၃၈ လမ်းထောင့် တွင် တည်ရှိပြီး နှစ်ပေါင်းလေးဆယ် နီးပါးခန့် ပိတ်သိမ်းထားသည့် မော်လမြိုင်ကျောင်းတိုက်ကို သြဂုတ်လအတွင်းက  ပြန်လည် ရရှိခဲ့ ကြောင်း ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

၁၉၈၀ ခုနှစ်ခန့်က  သာသနာသန့်ရှင်းရေး ဆောင်ရွက်ချက်ကြောင့် ကျောက်တံတားမြို့နယ်အတွင်း တည်ရှိသည့် မော်လမြိုင်ကျောင်းတိုက် ကို ပိတ်သိမ်းခံခဲ့ရပြီး  နောက်ပိုင်းတွင် အစိုးရက  အထက်တန်း ကျောင်းအဖြစ်  ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"ကျောက်တံတားမြို့နယ် မှာ နှစ်ပေါင်း လေးဆယ် လောက် ကွယ်ပျောက်နေတာ အခုဆို စတင်ပြီး ပြန်လည်ပေါ်ပေါက် လာပါပြီ။  ဒီဟာတွေကို သာသနာရေးနဲ့ပတ်သက်လို့  ပြုပြင်ရမယ် ။ ပြင်ဆင်ရမယ်။ ဆရာတော်ကြီးတွေ နေထိုင်ဖို့အတွက် လုပ်ရတယ်။ ရှေးဟောင်းသာနသာအဆောက်အအုံတွေ ပြုပြင်ဖို့အတွက် ဘဏ္ဍာငွေတွေ စလုပ်နေပါပြီ" ဟု ဘုန်းတော်ကြီးကျောင်း ဖြစ်မြှောက်ရေးကော်မတီ မှ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်သိန်း ကမဇ္စျိမသတင်းဌာနကိုပြောသည်။

လက်ရှိအချိန်တွင် ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ယခင်မော်လမြိုင်ကျောင်းဟောင်းနေရာမှ  ရှေးဟောင်းရဟန္တာသိမ် ၊ဓမ္မာရုံ ၊ အငြိမ်းစား ဗုဒ္ဓဘာသာ အသင်းအဆောက်အအုံ  အပါအဝင် အဆောက်အအုံ သုံး ခုသာ ပြန်လည် ရရှိထားခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောင်းထိုင် ဘုန်းကြီး ရရှိရေးအတွက် သံဃာနာယကသို့ စာတင်ထားကြောင်း ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly