ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုကို တရားဝင် ရှေ့တိုးလုပ်နိုင်ရန် အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီ ကြိုးပမ်း

By CNN
08 September 2019
ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုကို တရားဝင် ရှေ့တိုးလုပ်နိုင်ရန် အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီ ကြိုးပမ်း

စက်တင်ဘာ ၈ ။            ။ သမ္မတ ဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ဖြုတ်ချနိုင်ရေး တက်ကြွစွာ ရှေ့တိုးလုပ်ဆောင်ခြင်းဟု ယူဆနိုင်သည့် စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်မည့် အဆိုပြုချက်တစ်ရပ်ကို လာမည့်အပတ်ထဲတွင် အမေရိကန် အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီက မဲခွဲဆုံးဖြတ်ရန် ပြင်ဆင်နေသည်။

ယင်းအတွက်ကြောင့်  သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြင်တင်နိုင်ရေးအတွက် ကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို တရားဝင်ဖြစ်စေနိုင်မည့် အဓိက ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာခဲ့ကြောင်း ယင်းကြိုးပမ်းမှုနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံကနေ သိရသည်။

အောက်လွှတ်တော် ကော်မတီက ထရမ့်အား စွပ်စွဲပြစ်တင်မည့် အချက်များကို အကြံပြုရန် စဉ်းစားနေကြောင်း လူသိရှင်ကြား ကြေညာထားခဲ့သည်။ လာမည့်အပတ် စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်ဖွယ်ရှိသည့် မဲခွဲဆုံးဖြတ်မှုက ယင်းစွပ်စွဲပြစ်တင်မှုကိစ္စ စစ်ဆေးကြားနာမှုများ လုပ်ဆောင်ရန်အတွက် အခြေခံစည်းမျဉ်းများကို ချမှတ်သွားမည်ဖြစ်သည်။

ယင်းအပြင် ၁၉၇၄ ခုနှစ်က သမ္မတဟောင်း ရစ်ချတ် နစ်ဆင်အား စွပ်စွဲပြစ်တင်မှု လုပ်ဆောင်မှုများအတွင်းက ကော်မတီ၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ အစဉ်အလာ ပြဌာန်းချက်များအတိုင်း လိုက်လံလုပ်ဆောင်သွားဖွယ် ရှိနေသည်။

ယခု အဆိုပြုချက်ကြောင့် ရှေ့တွင် လုပ်ဆောင်မည့် အောက်လွှတ်တော် တရားစီရင်ရေး ကြားနာမှုများကို ကွန်ဂရက် ကြားနာမှု အများစုနှင့် မတူညီကွဲလွဲသည့် နည်းလမ်းများဖြင့် လုပ်ဆောင်သွားနိုင်စေရန် ရှင်းရှင်းလင်းလင်း ဖြစ်စေနိုင်ဖွယ် ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဥပမာအားဖြင့် အဆိုပြုချက်က ကော်မတီ အမှုထမ်း တာဝန်ရှိသူများကို အသိသက်သေများအား မေးခွန်းထုတ်စေနိုင်မည့် အခွင့်အရေး အပ်နှင်းသွားနိုင်ဖွယ် ရှိနေပြီး ယင်းက ပုံမှန်အားဖြင့် ကွန်ဂရက် ကြားနာမှုများတွင်  လုပ်ဆောင်ခြင်း မရှိသည့် ကိစ္စမျိုးဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly