ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘာကာနဲ့ အင်တာဂန္တဝင်ကစားသမား အီတူး

ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘာကာနဲ့ အင်တာဂန္တဝင်ကစားသမား အီတူး

ကင်မရွန်းတိုက်စစ်မှူးဟောင်း ဆမြူရယ် အီတူးဟာ အသက် (၃၈)နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာသွားခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်စီနီယာကစားသမားဘဝကို ရီးယဲလ်မက်ဒရ်စအသင်းနဲ့ စတင်ပွဲထွက်ခဲ့တဲ့ အီတူးဟာ သူ့ရဲ့ကစားသမားဘဝကာလအတွင်း နောက်ဆုံးကစားခဲ့တဲ့ ကာတာအက်စ်စီအသင်းမတိုင်မီ မာယော့ကာ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ အန်ဇီ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဆမ်ဒိုးရီးယားအစရှိတဲ့ အသင်းပေါင်း (၁၃)သင်းမှာ ကစားခဲ့ပါတယ်။

သူဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်၊ အင်တာနဲ့ (၁)ကြိမ် ဆွတ်ခူးခဲ့ပြီး ကလပ်အသင်းကစားသမားဘဝအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၇၅၉)ပွဲမှာ သွင်းဂိုး (၃၇၀)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အီတူးဟာ ကင်မရွန်းလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၁၈)ပွဲကစားပေးခဲ့ရာမှာ (၅၆)ဂိုး သွင်းယူပေးခဲ့ပြီး အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား (၂)ကြိမ်နဲ့ အိုလံပစ်ရွှေတံဆိပ်ဆု (၁)ဆု ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်မှာတော့ လက်ရွေးစင်ကစားသမားဘဝကနေ နားခဲ့ပါတယ်။

"အဆုံးသတ်ခဲ့ပါပြီ။ စိန်ခေါ်မှုသစ်ဆီ ဦးတည်သွားတော့မှာပါ .... အားလုံးကို ကျေးဇူးတင်ပါတယ်။"လို့ အီတူးက သောကြာနေ့က အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

THE END VERS UN NOUVEAU DÉFI... Merci à vous tous big love adrénaline

A post shared by Samuel Eto'o (@setoo9) on

Ref; Goal
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly