ရန်ကုန်တက္ကသိုလ်ပြတိုက်ကို ရာပြည့်ပွဲအမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

ရန်ကုန်တက္ကသိုလ်ပြတိုက်ကို ရာပြည့်ပွဲအမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

စက်တင်ဘာ ၇၊ ။           ။ ရန်ကုန်တက္ကသိုလ်ပြတိုက်ကို ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲအမီဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ပြတိုက်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဖြစ်သော အငြိမ်းစားပါမောက္ခခင်မောင်ချိုက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ပွဲကြီးက စတင်ပြီး လှုပ်ရှားအသက်ဝင်နေပါပြီ။ ဒီအတွက်ကိုလည်း ရန်ကုန်တက္ကသိုလ်မှာ တစ်ခါမှမရှိသေးတဲ့ တက္ကသိုလ်ပြတိုက်လည်း ကျွန်တော်တို့ စတင်ဖွင့်လှစ်ဖို့ အခြေချပြီးပါပြီ။ ရည်ရွယ် ချက်ကတော့ ရန်ကုန်တက္ကသိုလ်မှာပြတိုက်မရှိသေးဘူး။ ပထမဆုံး နှစ်တစ်ရာပြည့်မှာ စတင်တည်ဆောက်မယ့် ပြတိုက်ပေါ့” ဟု ၄င်းက ပြောသည်။

အဆိုပါပြတိုက်ကို အဓိပတိလမ်းရှိ အမှတ် ၃၃ ခြံအတွင်းအိမ်နေရာတွင် ပြတိုက်ဖွင့်လှစ်ရန် ရွေးချယ်ထားပြီး လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်သည့် အမှတ်တရပစ္စည်း၊ သမိုင်းပစ္စည်းများကို အများပြည်သူ လာရောက် လှူဒါန်းရန် အလှူခံလျှက်ရှိကြောင်း သိရသည်။

“အရင်တုန်းက ရွှေရတုသဘင်လုပ်တုန်းက ပြခန်းအနေနဲ့ ရှိခဲ့တယ်။ စိန်ရတုသဘင်တုန်းကလည်း ပြခန်း ရှိခဲ့တယ်။ ပြခန်းတွေက ပွဲပြီးဖျက်သိမ်းလိုက်ရင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေက လှူဒါန်းတာကိုလည်း ပြန်ထိန်း သိမ်း တာတွေက အားနည်းခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ဒါကြောင့်မို့ ပြတိုက်ရယ်လို့ ရန်ကုန်တက္ကသိုလ်မှာ တစ်ခါမှ မရှိသေးဘူးပေါ့နော်။ အခုကျမှ နှစ်တစ်ရာပြည့်ကာလနဲ့ တိုက်ဆိုင်တဲ့အချိန်ကျမှ ပြတိုက်ဆိုတာကို လူကြီးတွေခွင့်ပြုချက်နဲ့ စလုပ်တော့မယ့် သဘောပေါ့နော်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ပြတိုက်ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းထားပြီး ပြတိုက်ဖြစ်မြောက်ရေးအစီအစဉ်အတွက် အစည်းအဝေးပြုလုပ်ကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly