ဆန္ဒပြပွဲတွေ အပြီးသတ်ဖို့ ဟောင်ကောင်ခေါင်းဆောင်ရဲ့ တိုက်တွန်းချက်ကို ပယ်ချပြီး စုရုံးဆန္ဒပြ

By AFP
07 September 2019
ဆန္ဒပြပွဲတွေ အပြီးသတ်ဖို့ ဟောင်ကောင်ခေါင်းဆောင်ရဲ့ တိုက်တွန်းချက်ကို ပယ်ချပြီး စုရုံးဆန္ဒပြ

ဟောင်ကောင်၊ စက်တင်ဘာ ၇ ။          ။ စီးပွားရေးအချက်အချာ ဟောင်ကောင်မှာ တရုတ် လိုလားတဲ့ ခေါင်းဆောင််က ဆန္ဒပြပွဲတွေ အဆုံးသတ်ကြဖို့ တောင်းဆိုချက်ကို ပယ်ချပြီး သောကြာနေ့ညမှာ ပြည်သူထောင်ပေါင်းများစွာက စုရုံးဆန္ဒပြပွဲတွေ ဆင်နွှဲကြပါတယ်။

လေဆိပ်မှာ ဆန္ဒပြဖို့ စီစဉ်ထားတာအပါအဝင် ဒီ စနေ၊ တနင်္ဂနွေမှာ ဟောင်ကောင်ဒေသတွင် နောက်ထပ်် ထိပ်တိုက်တွေ့မှုတွေ မဖြစ်အောင် ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက ဆန္ဒပြပွဲတွေကို အပြီးသတ်ကြဖို့ ပြည်သူတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

သြဂုတ် ၃၁ ရက်က ဆန္ဒပြပွဲတွေအပေါ် ရဲတပ်ဖွဲ့တွေရဲ့ တုံ့ပြန််ဆောင်ရွက်မှု CCTV ရုပ်သံဖိုင်တွေ ထုတ်ပေးဖို့ တောင်းဆိုရင်း မွန်ကို့ခရိုင်က ရဲစခန်းအပြင်ဖက် စုရုံးဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရာဘာကျည်တွေနဲ့ ပစ်ခတ်ကြပါတယ်။

အနီးက ကော့လွန်းအရပ်မှာတော့ ဆန္ဒပြသူတွေဟာ လမ်းတွေမှာ မီးတင်ရှို့မှုတွေ လုပ်ကြသလို မြေအောက်ဘူတာရုံတစ်ခုကို ဖျက်ဆီးမွှေနှောက်ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိန် ကိုလိုနီအုပ်ချုပ်ရေးကနေ လက်လွှဲပေးအပ်ခဲ့ကြစပြီး တရုတ် အုပ်ချုပ်မှုအတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဟာ အချိန် သုံးလကျော်မက ရှိနေပြီ ဖြစ်ပါတယ်။

ခုလို ဆန္ဒပြပွဲတွေနဲ့ ရံဖန်ရံခါမှာ ဆူပူအကြမ်းဖက်မှုတွေအထိ ဖြစ်ပွားပေါ်ပေါက်လာစေတဲ့ တရုတ်ဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း ဗုဒ္ဓဟူးနေ့မှာ ဟောင်ကောင်ခေါင်းဆောင်က ကာရီလမ်းက ကြေညာခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ မငြိမ်းသွားဘဲ ဆက်လက်ဖြစ်ပွားနေတော့တာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly