စံချိန်တင်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေး ကျပ်သုံးသောင်းခန့် ပြန်ကျ

စံချိန်တင်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေး ကျပ်သုံးသောင်းခန့် ပြန်ကျ

ရန်ကုန်။စက်တင်ဘာ ၆ ။           ။ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းကျော်အထိ စံချိန်တင်မြင့်တက်သွားခဲ့သည့်  ပြည်တွင်းရွှေစျေးသည် ကမ္ဘာ့ရွှေစျေးကျဆင်းလာမှုကြောင့်စက်တင်ဘာ ၆ရက် တစ်ရက်အတွင်း  ကျပ်၃သောင်းဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။

စက်တင်ဘာလ(၆)ရက်နေ့ မနက်ပိုင်းက ကျပ် ၁၃သိန်းကျော်အထိ ရှိခဲ့သော ရွှေစျေးသည် နေ့လယ်ပိုင်းတွင် ရန်ကုန်ရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၂သိန်းရသောင်းကျပ်ဝန်းကျင်အထိ စျေးပြန်ကျ လာခြင်း ဖြစ်သည်။
 “ အရောင်းအဝယ်က မရပ်သွားဘူး။ ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်။  စျေးကပြန်ကျသွားတယ်။  တစ်ကျပ် သားကိုသုံးသောင်းကျော်လောက် ပြန်ကျသွားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး  ဦးဝင်းမြင့်က မဇ္စျိမသို့ပြောသည်။

ယင်းသို့ ပြန်လည်ကျဆင်းသွားရခြင်းမှာ ကမ္ဘာ့ရွှေစျေးကျဆင်းလာမှုကြောင့် ဖြစ်ပြီး၊ ပြည်တွင်းဘဏ်လုပ် ငန်းဂယက် အထိုက်အလျောက်ပြန်လည် တည်ငြိမ်သွားခြင်းမှာလည်း ရွှေစျေးနှုန်း ပြန်ကျမှုအတွက် အကြောင်း အရင်း တစ်ချက်အဖြစ်ပါဝင်ကြောင်း ၄င်းကဆိုသည်။

“ကမ္ဘာ့ရွှေစျေးကတော့ အမေရိကန်ဒေါ်လာတွေအပေါ်မှုတည်ပြီးတော့ တက်လိုက်ကျလိုက် ဖြစ််နေတာပါပဲ။ အဓိက ကျွန်တော်တို့ဖတ်ရတာတော့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတအောက် တိုဘာလဆန်း တွေ့မယ်ဆိုတဲ့ သတင်းကြောင့် ကျသွားတာပဲ” ဟု ဦးဝင်းမြင့်ကဆက်လက်ပြောဆို သည်။

ကမ္ဘာ့ရွှေစျေးမှာ စက်တင်ဘာလ ၅ရက်နေ့ မနက်ပိုင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၄၅ ခန့်စျေးပေါက်ခဲ့ပြီး၊ စက်တင်ဘာ၆ရက်နေ့ နေလယ်ပိုင်းတွင် တစ်အောင်စလျှင် ၁၅၁၀ ဝန်းကျင် အထိ ကျဆင်း သွားခြင်းဖြစ်ရာ တစ်ရက်အတွင်း တစ်အောင်စလျှင် ဒေါ်လာ၃ဝကျော် ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း စက်တင်ဘာလ၃ရက်နေ့မှ စတင်ကာ ရွှေစျေးနှုန်းအဆမတန် မြင့်တက်နေခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းသို့စုံစမ်းမေးမြန်းမှုများရှိခဲ့သဖြင့် အဆိုပါအသင်းမှ ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် စက်တင်ဘာ ၄ ရက်တွင် အစည်းအဝေးပြုလုပ် ခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ကောလာဟလများအပေါ် ပြည်သူလူထုအနေဖြင့် မစိုးရိမ်ကြရန်  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းလွှတ်တော် ကိုယ်စားလှယ် များနှင့် စက်တင်ဘာလ ၅ရက်နေ့ ညနေပိုင်းကတွေ့ဆုံချိန်တွင် မှာကြားခဲ့သည်ဟုသိရသည်။ ထို့အပြင် ဘဏ် ကိစ္စနှင့်ပတ်သက်၍လည်း စက်တင်ဘာ၆ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများကတစ်ဆင့်တာဝန်ရှိသူများ က ပြန်လည်ဖြေရှင်းသွားရန် ရှိကြောင်းလည်း သတင်းရရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly