ရီးယဲလ်၊ ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်းဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီး

ရီးယဲလ်၊ ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်းဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် (၅)ခုမှာ တန်ဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

transfermarkt.com ရဲ့ တန်ဖိုးသတ်မှတ်ချက်များအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်း (၂၀)စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ မန်စီးတီးအသင်းက ရီးယလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား စတာလင်က စျေးကွက်ပေါက်စျေး ပေါင် (၁၂၆) သန်းနဲ့ အများဆုံးဖြစ်ပြီး ဒီဘာရိုင်းနားက ပေါင် (၁၁၇)သန်းနဲ့ ဒုတိယ အများဆုံးနေရာမှာ ရှိနေပါတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်း တစ်သင်းလုံးမှ ကစားသမားတွေရဲ့ စုစုပေါင်း တန်းဖိုးဟာ ပေါင် (၁.၁၄)ဘီလီယံအထိ တန်ဖိုးရှိနေတာကြောင့် ၂၀၁၈ ချန်ပီယံလိဂ်ချန်ပီယံဟောင်း ရီးယဲလ်အသင်း (ပေါင် ၁.၀၇ ဘီလီယံ)နဲ့ လက်ရှိလာလီဂါချန်ပီယံ ဘာစီလိုနာ (ပေါင် ၁.၀၃ ဘီလီယံ)တို့ကို ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

ဘာစီလိုနာအသင်းကတော့ မက်ဆီရဲ့ စျေးကွက်ပေါက်စျေးအရ ပေါင် (၁၃၅)သန်းအထိ ထိုးဆင်းသွားခဲ့တာကြောင့် အခုလို တတိယနေရာရောက်ရှိစေခဲ့တာလည်းဖြစ်ပါတယ်။

ထိပ်ဆုံး (၁၀)သင်းစာရင်းမှာ မန်စီးတီးပြီးနောက် ရီးယဲလ်၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ စပါး၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊အက်သလက်တီကိုနဲ့ ချယ်လ်ဆီးတို့က အစဉ်တိုက် ရပ်တည်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly