ဒီဂျစ်တယ်ငွေကြေး bitcoin ဖန်တီးသူဟု ဆိုသူ ဒေါ်လာ ငါးဘီလီယံ ပေးလျော်ရန် အမိန့်ချခံရ

ဒီဂျစ်တယ်ငွေကြေး bitcoin ဖန်တီးသူဟု ဆိုသူ ဒေါ်လာ ငါးဘီလီယံ ပေးလျော်ရန် အမိန့်ချခံရ

ဒီဂျစ်တယ်ငွေကြေးတစ်ရပ်ဖြစ်တဲ့ bitcoin ကို ဖန်တီးသူလို့ ကိုယ်ကိုကို ကြေညာထားသူဟာ အဲဒီ ငွေကြေးကို စတင်ဖန်တီးချိန်က အရှုပ်အရှင်းတစ်ရပ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ပေးဆောင်ဖို့ အမိန့်ချမှတ်ခံရပါတယ်။

သြစတြေးလျက IT အကြံပေးပညာရှင်် ကရေ့ချ်ဝှိုက်ကို ၎င်းပိုင်ဆိုင်ရာ bitcoin ငွေကြေးမှ ဒေးဗစ််ကလိုင်းမန်း မိသားစု ရထိုက်တဲ့ တစ်ဝက််ကို လက်လွှဲပေးအပ်ဖို့ အမေရိကန််ခရိုင်တရားရုံးတစ်ရုံးက အမိန့််ချခဲ့တာပါ။

ကရေ့ချ်ဝှိုက်နဲ့ ကလိုင်းမန်းတို့ဟာ ၂၀၁၃ ခုနှစ်မှာ ကလိုင်းမန်း မကွယ်ခင််အထိ စီးပွားဖက်တွေ ဖြစ်ခဲ့ကြောင်း ကလိုင်းမန်းမိသားစုက ပြောပါတယ်။

၂၀၀၉ ခုနှစ်မှာ bitcoin ကို စတင်ဖန်တီးချိန်ကနေ ကလိုင်းမန်း သေဆုံးချိန်အထိ ကရေ့ချ်ဝှိုက််အနေနဲ့ bitcoin တစ်သန်းကို ဖန်တီးနိုင်ခဲ့တယ် ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ bicoin စျေးဟာ bitcoin တစ်ယူနစ်ကို အမေရိကန််ဒေါ်လာ တစ်သောင်းဝန်းကျင် ရှိနေတာကြောင့် ကလိုင်းမန်းမိသားစုအနေနဲ့ ရသင့််ရထိုက်တဲ့ ဒီဂျစ််တယ််ငွေကြေးပမာဏက ဒေါ်လာ ငါးဘီလီယံဖိုးအထိ ရှိလာတာ ဖြစ်ပါတယ်။

တရားသူကြီး ဘရု့စ်ရင်းဟတ်က တရားရုံးကြားနာမှုမှာ ကရေ့ချ်ဝှိုက်က ၎င်းအနေနဲ့ bitcoin ငွေကြေး ဖန််တီးခြင်း၊ ရယူထားခြင်း မရှိဘူးဆိုတဲ့ လျှောက်လဲချက်ကို မယုံကြည်ကြောင်း ပြောပါတယ်။

“လျှောက်လဲချက်တွေမှာ ကရေ့ချ်ဝှိုက်က အမှန် ပြောဆိုတယ်လို့ ကျွန်တော်ကို ယုံကြည်စေနိုင်ခြင်း မရှိခဲ့ဘူး။”လို့ တရားသူကြီး ဘရု့စ််ရင်းဟတ်က ပြောပါတယ်။

ကရေ့ချ်ဝှိုက်ဟာ bitcoin ဖန်တီးသူ ဆာတိုရှီနာကာမိုတိုလို့ ကလောင်အမည်ခံထားသူဟာ သူပဲဖြစ်တယ်ဆိုပြီး ၂၀၁၆ ခုနှစ်အတွင်းက တရားဝင်ကြေညာထားခဲ့တာပါ။

အဲဒီလို ကရေ့ချ်ဝှိုက်ရဲ့ ကြေညာချက်ဟာ တရားဝင်ဖြစ်မဖြစ် ဒီဂျစ်တယ်ငွေကြေး ပညာရှင််အများစုက မေးခွန်းထုတ်ထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags