စက်တင်ဘာ ၅ ။ ။ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေစပြီး မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇော်ဂျီဖောင့် ကနေ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုရေး အတွက် လိုအပ်သည့် လုပ်ဆောင်ချက်များ ပြင်ဆင်ထားကြရန်ကိုလည်း မိုဘိုင်းဝန်ဆောင်မှု provider များ၊ မီဒီယာနှင့် content producer များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာ အသိုင်းအဝိုင်းမှ developers များကို အစိုးရဘက်က ညွန်ကြားထားပြီး ဖြစ်သည်။
အစိုးရ ဝန်ကြီးဌာန အားလုံးသည်လည်း ၂၀၁၉ ဧပြီလတွင် ယူနီကုဒ်စနစ်သို့ အပြည့်အဝ ကူးပြောင်းထားပြီး ဖြစ်သည်။
လက်ရှိမှာတော့ ပြည်တွင်းမှာ လူသိများသည့် ဇော်ဂျီဖောင့် အသုံးပြုရသည်မှာ အဆင်ပြေသည်ဆိုသော်လည်း ယင်းက သတင်းအချက်အလက် နည်းပညာသစ်များနှင့် အံဝင်ခွင်ကျ မရှိဘူးဟု သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/