ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ

ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယ်ခန္ဓာ အလှည့်အပြောင်းမှာ ရင်ဘတ် လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင် လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ ဒီရင်ဘတ်အောင့်တာ နှလုံးနဲ့ အဆုတ် ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။
နှလုံးရောဂါဆိုင်ရာ ရင်ဘတ်အောင့်ခြင်း ။ ။

Angina –  ဒီ angina ဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ အများဆုံး သက်ဆိုင်ပြီး အသက်ရှူရကြပ်တာ၊ ပျို့အန်မူးဝေတာတွေကိုပါ ဖြစ်စေတတ်ပါတယ်။

MI ( myocardial Infartion) – နှလုံးကြွက်သား ပုပ်သွားတာကြောင့်ဖြစ်ရတဲ့ ဒီ ရင်ဘတ်အောင့်တာဟာ angina ထက် ပိုကြာတတ်ပြီး ချွေးစေးပြန် မခံမရပ်နို်င်အောင့် နာကျင်တဲ့ ဝေဒနာတစ်ခုပါ။ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်တာတွေကြောင့် ဒီလို နှလုံးကြွက်သားပုပ်တာမျိုး ဖြစ်တတ်ပါတယ်။

Pericarditis ( နှလုံးအမြှေးပါးရောင်ခြင်း ) – နှလုံးပတ်လည်မှာကာထားပေးတဲ့ Pericardium နှလုံးအမြှေးပါးလေးရောင်တာကြောင့်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန် ၊လှဲအိပ်လိုက်တဲ့အချိန်တွေမှာ ရင်ဘတ်အောင့်တာ ပိုဆိုးသွားတတ်ပါတယ်။

နှလုံးအဆို့ရှင်ကျွံခြင်း – နှလုံး အဆို့ရှင်ကျွံတဲ့ ပြဿနာရဲ့ အဓိကလက္ခဏာက နုန်းခွေတာဖြစ်ပေမယ့်  တစ်ချို့ရင်ဘတ်အောင့်ကြတဲ့သူတွေလည်းရှိပါတယ်။ angina နဲ့မတူတဲ့အချက်ကတော့ အဆို့ရှင်ကျွံတာကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ဟာ လှုပ်ရှားမှုလုပ်ရင်ပိုဆိုးမလာတာမျိုးမရှိတဲ့အပြင် nitroglycerin ငုံထားလို့လည်း မသက်သာပြန်ပါဘူး။

Aortic stenosis – aorta နှလုံးသွေးကြောကျဉ်းတာကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်းကတော့ ကျဉ်းနေတဲ့သွေးကြောထဲ သွေးတွေပို့တဲ့အချိန် အလုပ်ပိုလုပ်ရတဲ့ နှလုံးကြွက်သား နာကျင်တာကြောင့် ဖြစရတာပါ။
အဆုတ်ကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ နှလုံတစ်ခုတည်း ပြောလို့မရပါဘူး။ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့်လည်း ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဘယ်လို အဆုတ်ပြဿနာတွေကြောင့် ရင်ဘတ်အောင့်တတ်လဲဆိုတာ ကြည့်ရအောင်။

Pneumonia – ဒီ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တဲ့ပြဿနာဟာ အဆုတ်ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို အဓိက ဖြစ်စေတဲအကြောင်းအရင်းပါ။

Pulmonary thromboembolism (PTE) –  အဆုတ်သွေးကြော သွေးခဲပိတ်တဲ့အခါမျိုးမှာလည်း ရင်ဘတ်အောင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။

Pneumothorax – အဆုတ်နဲ့ အဆုတ် အလွှာကြားထဲ လေဝင်တဲ့ပြဿနာတွေမှာလည်း ရင်ဘတ်အော့်တတ်ပါတယ်။

Pleurisy – အဆုတ်ကိုခြားထားတဲ့ အလွှာပါးလေး ရောင်တဲ့ပြဿနာ pleurisy ကြောင့် အသက်ရှူတဲ့အခါတိုင်း ရင်ဘတ်အောင့်တတ်ပါတယ်။

Pulmonary hypertension – အဆုတ်သွေးကြော တွေမှာ ဖိအားများတဲ့ ပြဿနာဖြစ်တဲ့ pulmonary hypertension ကြောင့် ရင်ညွှန့်အထက်နားလောက် အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။

အဆုတ်ကင်ဆာ – အဆုတ်ကင်ဆာကနေ အခြား နံရိုး၊ရင်ဘတ်ကြွက်သားတွေကို ပျံ့သွားတဲ့အခါ ရင်ဘတ်အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။

ဒါတွေကတော့ ရင်ဘတ်အောင့်ခြင်ကို ဖြစ်စေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိသေးတာကြောင့် တစ်ခုခုသံသယရှိလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့တော့ လိုပါလိမ့်မယ် ။ ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly