ဟောင်ကောင်ခေါင်းဆောင်က တရားခံလွှဲပြောင်းရေး ဥပဒေကို တရားဝင် ရုပ်သိမ်းမည်ဟု ကြေညာ

By AFP/ CNN
05 September 2019
ဟောင်ကောင်ခေါင်းဆောင်က တရားခံလွှဲပြောင်းရေး ဥပဒေကို တရားဝင် ရုပ်သိမ်းမည်ဟု ကြေညာ

စက်တင်ဘာ ၅ ။          ။ သုံးလကြာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ထားခဲ့ပြီးနောက် ဟောင်ကောင်ပြည်သူတွေ မလိုလားတဲ့ အငြင်းပွား တရားခံလွှဲပြောင်းရေး ဥပဒေကို တရားဝင် ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်တစ်ခုကို ဟောင်ကောင် ခေါင်းဆောင်ဘက်က လိုက်လျောပေးလိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တက်ကြွလှုပ်ရှားသူတွေကတော့ ၎င်းတို့ရဲ့ ကမ်ပိန်းအတိုင်း ရှေ့ဆက်လုပ်သွားမယ်လို့ ကြုံးဝါးပါတယ်။

တရုတ် ပြည်မကြီးကို တရားခံလွှဲပြောင်းမှုကို ခွင့်ပြုမယ့် အငြင်းပွား ဥပေဒမူကြမ်းတစ်ရပ်ကို ယခုအခါ အပြီးအပိုင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဟောင်ကောင် ခေါင်းဆောင်က ကြေညာသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဥပဒေမူကြမ်းကြောင့်ပဲ ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်မှာ သုံးလကြာ ဆန္ဒပြပွဲတွေနဲ့အတူ မတည်မငြိမ် အခြေအနေတွေ ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

“ လူ့အဖွဲ့အစည်းအတွင်းက မကျေနပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ့် နည်းလမ်းတွေကို ကျွန်မတို့ ရှာကြရပါမယ်၊ ဖြေရှင်းချက်တွေ ရှာရပါမယ် ၊ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေဖို့အတွက် ဒီ ဥပဒေကြမ်းကို တရားဝင် ရုပ်သိမ်းသွားပါတော့မယ်” လို့ ကာရီလမ်းက ယင်းနေ့ ဗီဒီယိုကနေတဆင့် ကြေညာချက်တစ်ခုထဲမှာ ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly