Google Play Store တွင် အူရီဒူး ဖုန်းဘီလ်ဖြင့် ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု စတင်

Google Play Store တွင် အူရီဒူး ဖုန်းဘီလ်ဖြင့် ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု စတင်
Photo - LYNN BO BO/EPA

ရန်ကုန်၊ စက်တင်ဘာ ၃ ။            ။ Google Play Store တွင် အူရီဒူး  ဖုန်းဘီလ်ဖြင့် ငွေပေးချေနိုင်သည့်  ဝန်ဆောင်မှုကို ယနေ့ စတင်ခဲ့ပြီး ယင်းကဲဲ့သို့ ဝန်ဆောင်မှု ပေးခြင်းသည် မြန်မာနိုင်ငံမှ အော်ပရေတာများထဲတွင် ပထမဆုံးစတင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း အူရီဒူး မြန်မာမှ သတင်းထုတ်ပြန်သည်။

 အန်းဒရွိုက်ဖုန်းအသုံးပြုသည့် အူရီဒူးသုံးစွဲသူများ သည်  Google Play Store မှ ပရီမီယမ် အက်ပလီကေးရှင်းများနှင့် အက်ပလီကေးရှင်းအတွင်း ပရီမီယမ် ဝယ်ယူမှုများ အတွက် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ၊ ၃၀ ရက်မှ စတင်၍ အကြွေးဝယ်ကဒ်များ အသုံးပြုစရာမလိုဘဲ သုံးစွဲသူများအနေဖြင့် Google Play Store သို့ ၄င်းတို့၏ G-Mail ဖြင့် ဝင်ရောက်ပြီး ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ မှတ်ပုံတင်ပြုလုပ်ပြီး ပေးချေရန်လမ်းကြောင်းကို အူူရီဒူးသို့ ပြောင်းထားရမည် ဖြစ်သည်။

 “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ  ပရီမီယံအက်ပလီကေးရှင်းတွေနဲ့ သူတို့ရဲ့ နှစ်ခြိုက်ရာ အက်ပလီကေးရှင်းတွေထဲက ဝယ်ယူမှုတွေကို ဝယ်ယူချင်တဲ့အခါမျိုးမှာ အကြွေးဝယ်ခွင့်ကဒ် လိုအပ်တာကြောင့် တစ်ခါတစ်ရံ အခက်အခဲဖြစ်တာကို သတိပြုမိပါတယ်။ ယခုအခါမှာ အူရီဒူးသုံးစွဲသူတွေအားလုံး မိမိတို့ရဲ့အူရီဒူးဖုန်းဘီလ်ကိုအသုံးပြုပြီး အလွယ်တကူနဲ့ အဆင်ပြေချောမွေစွာ ဝယ်ယူအသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီဂျစ်တယ်လူနေမှုဘဝကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားလို့ရနေပါပြီ” ” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားလိုက်ပါသည်။

အဆိုပါ ဝန်ဆောင်မှုကို  သုံးစွဲသူများအနေဖြင့်  အူရီဒူးကို ဝန်ဆောင်ခ ထပ်မံပေးချေရန် မလိုကြောင်း အူရီဒူး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူရီဒူးမြန်မာသည် သုံးစွဲသူများအား  ပိုမိုကောင်းမွန် အဆင်ပြေချောမွေ့သည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေသည့်အပြင် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ပိုမိုရရှိစေရန်  ဆန်းသစ်တီထွင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly