ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် သေဆုံးခဲ့ရသူများကို ဂရုဏာကြေးများ ပေးအပ်

ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် သေဆုံးခဲ့ရသူများကို ဂရုဏာကြေးများ ပေးအပ်
ဓာတ်ပုံ - ဖိုက်ဝမ်းဖိုက်(မဲဇလီ)

မကွေး၊စက်တင်ဘာ ၃ ။          ။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို႔နယ်တွင် ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသွားသူ လေးဦး အတွက် မြို ့နယ်အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီဖွဲ့မှ ဂရုဏကြေး/နစ်နာကြေးများပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ နစ်နာကြေးပေးအပ်မှုကို စက်တင်ဘာလ ၂ရက်နေ့က မင်းလှမြို႔နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်မှတရားဝင်ဥပဒေအရ သတ်မှတ်နှုန်းထားအဖြစ် ကျပ် လေး သိန်းခွဲ၊ အင်းကြင်းတောင် ကျောက်မီးသွေးကုမ္မဏီမှ ဂရုဏာကြေးအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ရဝစီ ဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မင်းလှမြို႔နယ်၊ ဆပ်ပြာကျေးရွာနှင့် (၅)မိုင်ခန့်အကွာ အင်ကြင်းတောင် ကျောက်မီးသွေးကုမ္မဏီတွင် ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများလုပ်ကိုင်နေစဉ် သြဂုတ်လ ၂၅ရက်နေ့ နေ့လယ် (၂)နာရီ(၄၀)မိနစ် အချိန် ခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကျောက်မီးသွေးတွင်းအတွင်းသို့ တောင်ကျရေများဝင်ကာ ကျောက် မီးသွေးတွင်း အတွင်းမှ ဒေါက်တိုင်များလဲပြိုကာ ကျင်းပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောက်မီးသွေးတွင်း အတွင်း အလုပ်လုပ်ကိုင်နေသည့် အောင်ချမ်းသာ(၁၆)နှစ် နိုင်ထက်ဦး(၂၁)နှစ် စိုးအောင်(၁၉)နှစ် နှင့် ပိုင်စိုးဝင်း(၂၈)နှစ်တို့မှာ ကျင်းပိ၍ သေဆုံးသွားခဲ့သော ဖြစ်စဉ် ဖြစ်သွားခဲ့သည်။

ထိုသို့ သေဆုံးသွားသူများအတွက် အသက်ဆုံးရှုံးမှုနစ်နာကြေး /ဂရုဏကြေးများ ရရှိရန် စက်တင်ဘာ ၂ ရက် နံနက် ၁ဝနာရီအချိန်က မင်းလှမြို ့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တာဝန် ရှိသူများနှင့် သေဆုံး နစ်နာသူများ၏ မိသားစုဝင်များ တွေ့ဆုံခဲ့ပြီး နစ်နာကြေးများပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly