တာလီဘန် သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် အမေရိကန် ကြိုးပမ်းနေစဉ် ကဘူးလ်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး ၁၆ ဦးထက်မနည်း သေဆုံး

By AFP
03 September 2019
တာလီဘန် သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် အမေရိကန် ကြိုးပမ်းနေစဉ် ကဘူးလ်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး ၁၆ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၃ ။         ။ အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်ရှိ လူနေဧရိယာတစ်ခုမှာ ယမန်နေ့က တာလီဘန်ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လို့ လူပေါင်း ၁၆ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ဒါဟာ သောင်းကျန်းသူတွေနဲ့ ၀ါရှင်တန်အကြား တပ်ဖွဲ့ဝင် ရုတ်သိမ်းရေး သဘောတူညီချက်တစ်ခု အပြီးသတ်နို်င်ဖို့ ကြိုးပမ်းနေချိန် ခုလို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန် အထူးသံတမန် ဇယ်မေ ခါလီဇက်လည်း အာဖဂန် မြို့တော်မှာ ရောက်နေပြီး အဆိုပြုထားတဲ့ သဘောတူညီချက်ကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ယင်း အဆိုပြု သဘောတူညီချက်အရ အမေရိကန် တပ်ဖွဲ့ဝင်တွေ အာဖဂန်ကနေ ပြန်လည် ရုတ်သိမ်းရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် တာလီဘန် လုံခြုံရေး အာမခံချက်တွေ ပေးရမှာဖြစ်ပါတယ်။ ယင်း ဆွေးနွေးမှုတွေလုပ်နေချိန်မှာပဲ ခုလို ဗုံးခွဲမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကတော့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးနဲ့ ဖောက်ခွဲသွားခဲ့တာဖြစ်ပါတယ်။

ယခု ပေါက်ကွဲမှုမှာတော့ သေဆုံးသူ ၁၆ ဦး ရှိသလို လူပေါင်း ၁၁၉ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly