ရာထူးက နုတ်ထွက်မှာ မဟုတ်လို့ ဟောင်ကောင်ခေါင်းဆောင် ပြော

By BBC
03 September 2019
ရာထူးက နုတ်ထွက်မှာ မဟုတ်လို့ ဟောင်ကောင်ခေါင်းဆောင် ပြော

ဟောင်ကောင်ခေါင်းဆောင်ကာရီလမ်းက သူ့အနေနဲ့ ဘယ်တော့မှာ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောလာပါတယ်။

ပေါက်ကြားလာတဲ့ အသံဖိုင်တစ်ခုမှာ ကာရီလမ်းက ရာထူးက နုတ်ထွက်လိုကြောင်း ဖော််ပြထားတာကို တုံ့ပြန်ရင်း ပြောဆိုတာ ဖြစ်ပါတယ််။

ဘယ်လို နုတ်ထွက်မှုမျိုးကမှ သူ့အနေနဲ့ တရုတ််အစိုးရဆီ တင်သွင်းမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ကာရီလမ်းက ပြောပါတယ်။

မနေ့က ပေါက်ကြားတဲ့ အသံဖိုင်မှာ သီးသန့့်မှု တွေ့ဆုံမှုတစ်ရပ်အတွင်း ကာရီလမ်းက သူ တတ်နိုင်ရင် ရာထူးက နုတ်ထွက်မယ်လို့ ပြောဆိုထားတာကို ကြားရတာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ လအတော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ကာရီလမ်းကို နုတ်ထွက်ဖို့ တောင်းဆိုလျက် ရှိပါတယ်။

တနင်္လာနေ့မှာ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်တဲ့ အဆိုပါ အသံဖိုင်ဟာ အစစ်မဟုတ်ဘူးဆိုပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်းက ငြင်းဆန်တာမျိုးတော့ မရှိပါ။

အဲဒီ အသံဖိုင်မှာ ကာရီလမ်းက ဟောင်ကောင်က နိုင်ငံရေးအကျပ်အတည်းအတွက် ကိုယ်ကိုကို အပြစ်ဆိုပြီး ခုလို ကြီးမားတဲ့ မတည်မငြိမ် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာအတွက် ကိုယ်ကိုကို ခွင့်မလွှတ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

“တကယ်လို့ ရွေးချယ်စရာ ရှိမယ်ဆို ပထမဆုံး လုပ်မှာကတော့ ရာထူးက နုတ်ထွက်မှာပါပဲ။ စိတ်ထဲကကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ပြီး နုတ်ထွက်မယ်။”လို့ ပေါက်ကြားတဲ့ အသံဖိုင်မှာ ကာရီလမ်းက ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly