တောင်ကိုရီးယား သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ် ယနေ့ စတင်

By Arirang
03 September 2019
တောင်ကိုရီးယား သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ် ယနေ့ စတင်

စက်တင်ဘာ ၃ ။        ။တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ ၎င်းရဲ့ အာဆီယံ သုံးနိုင်ငံ ခရီးစဉ်ရဲ့ ဒုတိယ ခရီးစဉ်နေရာအဖြစ် မြန်မာနိုင်ငံကို ယနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ မြန်မာ နိုင်ငံ ခရီးစဉ်ကတော့ ခုနှစ်တာအတွင်း တောင်ကိုရီးယားသမ္မတ တစ်ဦးရဲ့ ပထမဆုံးသော မြန်မာနိုင်ငံခရီးစဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။

သမ္မတ မွန်းကတော့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်မှာတော့ သမ္မတ မွန်းဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ၊ အာဆီယံနဲ့ တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စတို့ကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ယင်းနောက် စက်တင်ဘာ ၄ ရက်မှာတော့ သမ္မတ မွန်းဟာ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ယင်းမှာ စီးပွားရေးဖိုရမ်တစ်ခုမှာ တက်ရောက်မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly