ကယ်လီဖိုးနီးယား သင်္ဘော မီးလောင်နစ်မြုပ်မှု ၈ ဦး သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေ

By AFP
03 September 2019
ကယ်လီဖိုးနီးယား သင်္ဘော မီးလောင်နစ်မြုပ်မှု ၈ ဦး သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေ
In this photo released by the Ventura County Fire Department, firefighters attempt to extinguish a blaze on a boat off the coast of Santa Cruz Island, California; it later sank (AFP Photo/HO)

စက်တင်ဘာ ၃ ။          ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ စက်တင်ဘာ ၂ ရက်က သင်္ဘောတစ်စင်း မီးလောင်ပြီး နစ်မြုပ်ခဲ့လို့ လူ ရှစ်ဦး သေဆုံးသွားကာ အခြား ၂၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

သင်္ဘော မီးလောင်နစ်မြုပ်သွားခဲ့စဉ်မှာ ခရီးသည်တွေဟာ သင်္ဘောထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်သူတွေလည်း သေဆုံးသွားဖွယ် ရှိပြီလို့ စိုးရိမ်နေရပါတယ်။

ယင်းသင်္ဘောကတော့ ရေငုပ်သမားတွေကို ပို့ဆောင်ပေးတဲ့ သင်္ဘောဖြစ်တယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာခရုဇ်ကျွန်းအနီး ရေငုပ် အပျော်ခရီးစဉ် ထွက်ရာနေရာမှာ ဖြစ်ပွားတဲ့ အဆိုပါ သင်္ဘောမီးလောင်မှုကိုတော့ ဟယ်လီကော်ပတာတွေ၊ ရေယာဉ်ငယ်တွေ၊ ကမ်းခြေစောင့် ရွက်သင်္ဘောတစ်စီးတို့ လာရောက်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားချိန်မှီာ သင်္ဘောမီးလောင်မှုက ပြင်းထန်လွန်းတဲ့အတွက် မနစ်မြုပ်ခင် သင်္ဘောထဲ အသက်ရှင်ကျန်ရစ်သူတွေကို အားချင်း ရှာဖို့ မတတ်နိုင်ခဲ့ဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ မြူထူထပ်နေခြင်းကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အတားအဆီးဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags