အမေရိကန်နှင့် အာဆီယံနိုင်ငံများ၏ ပထမဆုံးသော ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

By AFP
02 September 2019
အမေရိကန်နှင့် အာဆီယံနိုင်ငံများ၏ ပထမဆုံးသော ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

စက်တင်ဘာ ၂ ။            ။ အမေရိကန်နဲ့ အာဆီယံ ဆယ်နိုင်ငံတို့ရဲ့ ပထမဆုံးသော ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို စက်တင်ဘာ ၂ ရက်က စတင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်သင်္ဘော ရှစ်စင်း၊ လေယာဉ် လေးစင်းနဲ့ တပ်ဖွဲ့ဝင် ထောင်ချီ ပါဝင် လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါ အရှေ့တောင်အာရှ ဒေသအုပ်စုနဲ့ ၀ါရှင်တန်အကြားက ပထမဆုံးသော ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုကတော့ ငါးရက်တာ ကြာမြင့်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဆက်တာဟစ် ရေတပ်အခြေစိုက် စခန်းကနေ စတင်လုပ်ဆောင်ကာ စင်ကာပူမှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

ဒါဟာ ပေကျင်းနဲ့ အာဆီယံ နိုင်ငံတစ်ချို့အကြား တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေ နဲ့ တင်းမာမှုတွေ ရှိနေစဉ် ခုလို စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တွင်း နယ်မြေတစ်ချို့ နဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ကတော့ တရုတ်နဲ့အကြား အငြင်းပွားမှုတွေ ရှိနေပါတယ်။

အမေရိကန်နဲ့ ထိုင်းတော်ဝင် ရေတပ်တို့ ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကတော့ ထိုင်း ပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတကာ ရေပိုင်နက်ထဲ ဖြန့်ကျက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly