ဖိလစ်ပိုင်မှာ လူနာတင်လေယာဉ် ပျက်ကျ၍ လူ ၉ ဦး သေဆုံး

By AFP
02 September 2019
ဖိလစ်ပိုင်မှာ လူနာတင်လေယာဉ် ပျက်ကျ၍ လူ ၉ ဦး သေဆုံး
Filipino firefighters search for bodies at the site where an air ambulance crashed and killed nine people, all believed to be aboard the plane, at a resort area in Calamba City, Laguna province, south of Manila (AFP Photo/STR)

စက်တင်ဘာ ၂ ။        ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ အနီး အပန်းဖြေ ဧရိယာတစ်ခုအနီးမှာ စက်တင်ဘာ ၁ ရက်က လူနာတင် လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လူ ကိုးဦး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် ပြင်းထန်တဲ့ မီးလောင်မှုကြီးတစ်ခု ဖြစ်ခဲ့သလို အနီးအနား ဒေသခံတွေလည်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့ ဗီဒီယိုတစ်ခုအရ ကယ်လမ်ဘာမြို့မှာ မီးတဟုန်းဟုန်းတောက်နေတဲ့ အဆောက်အအုံတစ်လုံးဆီ အရေးပေါ်ကားတွေ အားချင်း သွားနေတာကို တွေ့မြင်ခဲ့ရပါတယ်။

မီးငြိမ်းသတ်ပြီးနောက်မှာတော့ မီးလောင်ထားတဲ့ အကြွင်းအကျန် အစုအပုံထဲကနေ ရုပ်အလောင်း ကိုးလောင်း ရှာတွေ့ခဲ့ပြီး ပျက်ကျခဲ့တဲ့ King Air 350 အပေါ့စား လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေ ဖြစ်ကြမယ်လို့ ယုံကြည်ရပါတယ်။

“ ဒီ ဖြစ်စဉ်မှာ အသက်ရှင်သူ မရှိပါဘူး၊ ဒီလေယာဉ်ပေါ်မှာ လိုက်ပါလာသူ အားလုံး သေဆုံးသွားတယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်” လို့ အရေးပေါ် ကယ်ဆယ်ရေး အရာရှိ ဂျက်ဖရေး ရိုဒရီဂွက်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly