ဖယ်ကာအိုကို ဂါလာတာစရေးအသင်း ပရိသတ် (၂၅,၀၀၀)ဦးက ကြိုဆိုနှုတ်ဆက်

ဖယ်ကာအိုကို ဂါလာတာစရေးအသင်း ပရိသတ် (၂၅,၀၀၀)ဦးက ကြိုဆိုနှုတ်ဆက်

ကိုလံဘီယာတိုက်စစ်မှူး ဖယ်ကာအိုဟာ မိုနာကိုအသင်းကနေ ဂါလာတာစရေးအသင်းဆီ တရားဝင် အပြောင်းအရွှေ့အတွက် အစ္စတန်ဘူလ်ကို ရောက်ရှိခဲ့ချိန်မှာတော့ သူရဲကောင်းတစ်ဦးလို ကြိုဆိုခံခဲ့ရပါတယ်။

အသက် (၃၃)နှစ်အရွယ် ကစားသမားဟာ မိုနာကိုအသင်းမှာ (၆)နှစ်ကြာ ရှိခဲ့စဉ်အတွင်း မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဆီ (၂)ရာသီအငှားနဲ့ ကစားခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ တူရကီကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ဖြစ်လာပါတယ်။

ဖယ်ကာအိုရဲ့ အပြောင်းအရွှေ့အတွက် ကလပ်နှစ်သင်းကြား တရားဝင် ဆွေနွေးမှုပြုလုပ်ခဲ့ပြီး အက်သလက်တီကိုကစားသမားဟောင်းကို မျှောင်လင့်ချက်ကြီးနေတဲ့ ထောင်ပေါင်းများစွာတဲ့ ပရိသတ်လူအုပ်ကြီးက ကြိုဆိုခဲ့တယ်လို့ ဂါလာတာစရေးအသင်းရဲ့ တရားဝင်တွစ်တာအကောင့်က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။

သတင်းတွေအရ ဖယ်ကာအိုကို လေဆိပ်မှာ လာကြိုတဲ့ ပရိသတ်ဦးရေဟာ (၂၅,၀၀၀)လောက်ရှိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖယ်ကာအိုက ပရိသတ်တွေကို ဦးဆောင်ပြီး လက်သီးလက်မောင်းတန်းကာ ကြွေးကြော် သီချင်းဆိုခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။

၂၀၁၈-၁၉ ရာသီအတွင်းမှာ မိုနာကိုအသင်းဟာ တန်းဆင်းသွားရမယ့် အနေအထားကနေ ရှောင်ရှားနိုင်ခဲ့ပြီး ဖယ်ကာအိုဟာလည်း အသင်းနဲ့အတူ ခက်ခဲတဲ့ ရာသီတစ်ခုကိုဖြတ်ခဲ့ရတာဖြစ်ပါတယ်။

Ref; 90Min​
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly