ဟောင်ကောင်ဆန္ဒပြသူတွေက ရထားတွေကို ပစ်မှတ်ထားလာပြီး အထွေထွေသပိတ်အတွက် ဆော်သြ

By AFP
02 September 2019
ဟောင်ကောင်ဆန္ဒပြသူတွေက ရထားတွေကို ပစ်မှတ်ထားလာပြီး အထွေထွေသပိတ်အတွက် ဆော်သြ

ဟောင်ကောင်၊ စက်တင်ဘာ ၂ ။          ။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ တနင်္လာနေ့ နံနက်ပိုင်းက ရုံးသွားရုံးလာ ရှုပ််ထွေးချိန်မှာ ရထားတွေဆီ ဝင်ရောက်စီးနင်းတာကြောင့်ရထားခရီးစဉ်တွေ ဖရိုဖရဲ ဖြစ်ကုန်ပါတယ်။

ဒီလို စတင်လိုက်တဲ့ ဒီကနေ့ ဆန္ဒပြမှုဟာ အစိုးရကို ဆန့််ကျင်တဲ့ သုံးလတာ ဆန္ဒပြမှုတွေအတွင်းက နောက်ထပ် ဝရုန်းသုန်းကားနေ့တစ်နေ့ကို အစပြုလာဟန်လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာလည်း အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားထားတဲ့ ဟောင်ကောင်ဆန္ဒပြမှုတွေဟာ အများစုက ဦးဆောင်သူမဲ့ လှုပ်ရှားဆောင်ရွက်ကြတာဖြစ်တာကြောင့် မခန့််မှန်းနိုင်တဲ့ ထိပ်တိုက်ပဋိပက္ခတွေအတွက် စိုးရိမ်စရာပဲ ဖြစ်ပါတယ်။

လွတ်လပ်မှု လှိုက်စားခံရခြင်းနဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ စီးပွားရေးအချက်အချာ ဟောင်ကောင်မှာ ခုလို ဦးဆောင်သူမဲ့ ဆန္ဒပြမှုတွေဟာ ပြည်သူသန်းပေါင်းများစွာကို လမ်းပေပါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်စေပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေက စုရုံးဆန္ဒပြမှု ဆင်နွှဲဖို့ ပြင််ဆင်စိုင်းပြင်းထားကြချိန်မှာပဲ ဆန္ဒပြသူတွေ အထွေထွေ သပိတ်ဆင်နွှဲဖို့ တောင်းဆိုဆော်သြနေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly