ဆည်ရေနည်းချိန်မှာ ပြန်ပေါ်လာခဲ့တဲ့ ရေအောက်က မြို့ဟောင်းနဲ့ ကျေးရွာများ

02 September 2019
ဆည်ရေနည်းချိန်မှာ ပြန်ပေါ်လာခဲ့တဲ့ ရေအောက်က မြို့ဟောင်းနဲ့ ကျေးရွာများ

မြန်မာပြည်မှာရေကြီးမှုတွေ ကြုံရတဲ့နေရာရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ သဖန်းဆိပ်ဆည်မှာတော့ မိုးမရွာလို့ ဆည်ရေ နည်းနေပါတယ်။

ဒီလို ဆည်ရေနည်းလာတဲ့အတွက် နှစ်ပေါင်း ၂၀ ကျော် ရေအောက်မှာ ရောက်ရှိခဲ့တဲ့ ကျွန်းလှမြို့ဟောင်းနဲ့ ကျေးရွာအချို့က ဘုရားတွေ၊ ရေတွင်းတွေ၊ အဆောက်အဦတွေအချို့နဲ့ သချုႋင်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ 

ဒီဆည်ကြီး စတင်တည်ဆောက်တုန်းက ကျွန်းလှမြို့အပါအဝင် ကျေးရွာပေါင်း ၇၃ ရွာနဲ့ လူပေါင်းများစွာ ပြောင်းရွှေ့ပေးခဲ့ရပြီး အခုလို ဆည်အတွင်း ရေကျချိန်မှာ ပြန်ပေါ်လာတဲ့ကျေးရွာအဆောက်အဦတွေကို ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေက စက်လှေတွေနဲ့ သွားရောက်ပြီး အလွမ်းပြေ ကြည့်ရှု့ကြသူတွေလည်း များပြားနေပါတယ်။

တင်းတိန်ရံ၊ ရွာသီရွာ၊ ရွှေတောင်၊ ပိတောက်ကုန်း၊ လက်ပံကြီးတော၊ ပေါက်ကုန်း၊ ကျွဲတဲ၊ ကျီကုန်း၊ အင်တိုင်းရွာနှင့် ကျွန်းလှမြို့ဟောင်းတို့ ရေပေါ်ပေါ်ခဲ့ပြီး အင်တိုင်းရွာက တစ်ရွာလုံးနီးပါး ပေါ်ခဲ့ပါတယ်။ 

ရိုက်ကူး - နေခြည်သစ်(ကျွန်းလှ)
တင်ဆက် - ဘုန်းနိုင်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly