ဟောင်ကောင်မှာ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖမ်းဆီးမှုကြောင့် ဝရုန်းသုန်းကား အခြေအနေ ဖြစ်

By AFP
01 September 2019
ဟောင်ကောင်မှာ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖမ်းဆီးမှုကြောင့် ဝရုန်းသုန်းကား အခြေအနေ ဖြစ်
မျက်ယိုရည်ဓာတ်ငွေ့ဖြင့် ရဲမှ ပစ်ခတ်နေသည်ကို ဟောင်ကောင်တွင် သြဂုတ် ၃၁ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-Philip FONG / AFP

စက်တင်ဘာ ၁ ။           ။ ဟောင်ကောင်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား သြဂုတ် ၃၁ ရက်မှာ အဆိုးဝါးဆုံး ထိပ်တိုက်တွေ့မှု ဖြစ်ပွားပြီး  ယင်းမြို့မှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယမန်နေ့က ဟောင်ကောင် မြေအောက်ဘူတာရုံမှာ ဆန္ဒပြသူတွေကို ရဲတွေက အကြမ်းပတမ်း ကိုင်တွယ် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။

ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေအနက် တစ်ချို့က ဓာတ်ဆီဗုံးတွေ နဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပြီး ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ ရေအမြှောက်တွေ သုံးပြီး ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

ယင်းနောက် ရထားဘူတာရုံတွေမှာ ဆန္ဒပြသမား အမြောက်အမြားကို ရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခေါ်ဆောင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါဟာ ယင်းဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်မှာ ကြီးမားတဲ့ လူထု ဆန္ဒပြပွဲကြီးတစ်ရပ် လုပ်ဖို့ စီစဉ်ထားတာကို ရဲတပ်ဖွဲ့က တားမြစ်ထားခဲ့ပေမယ့် ယမန်နေ့က ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့ဟာ အာဏာပိုင်တွေကို အာခံပြီး မြို့တွင်း အဓိက လမ်းတွေပေါ် ချီတက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

ယင်းနောက် ရဲနဲ့ ဆန္ဒပြသမားတွေအကြား အဆိုးဝါးဆုံး ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး ခုလို ပရမ်းပတာ အခြေအနေတွေဆီ ဦးတည်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags