အမေရိကန်ကို ချဉ်းကပ်ရွေ့လျားလာနေသည့် ဟာရီကိန်း ဒိုရီယန် ပိုမိုအားကောင်းလာနေ

By AFP
01 September 2019
အမေရိကန်ကို ချဉ်းကပ်ရွေ့လျားလာနေသည့် ဟာရီကိန်း ဒိုရီယန် ပိုမိုအားကောင်းလာနေ

စက်တင်ဘာ ၁ ။             ။ ဘဟာမားစ်ကျွန်းစု နဲ့ အမေရိကန် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို ခြိမ်းခြောက်နေတဲ့ အင်အားပြင်း ဒိုရီယန် ဟာရီကိန်း မုန်တိုင်းဟာ ယခုအခါ မုန်တိုင်းအဆင့် ၄ ကို ရောက်ရှိပြီး ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာ NHC က ပြောပါတယ်။

ဟာရီကန်း ဒိုရီယန်ဟာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်နီးပါးအထိ ရှိနေပါတယ်။

ယင်းကတော့ ပိုမို အားကောင်းသထက် အားကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

ယင်း ဟာရီကိန်း မုန်တိုင်းကြောင့် ဖလော်ရီဒါ၊ ဂျော်ဂျီယာ နဲ့ တောင် နဲ့ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တို့မှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ကြေညာထားရပါတယ်။

၁၉၉၂ ခုနှစ် လူပေါင်း ၆၅ ဦး သေဆုံးစေခဲ့တဲ့ အဆင့် ၅ ရှိ ဟာရီကိန်း အန်ဒရူး နောက်ပိုင်း ယခု ဒိုရီယန် ဟာရီကိန်း မုန်တိုင်းဟာ ဒေသမှာ ကြုံရမယ့် အဆိုးဆုံံး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းသူတွေက သတိပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly