ယူ-၁၈ အသင်းတွင် နေရာတစ်ခုအတွက် ကစားသမားနှစ်ဦး အသုံးပြုနိုင်ရန် ပြင်ဆင်နေဟုဆို

ယူ-၁၈ အသင်းတွင် နေရာတစ်ခုအတွက် ကစားသမားနှစ်ဦး အသုံးပြုနိုင်ရန် ပြင်ဆင်နေဟုဆို
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ သြဂုတ် ၃၁ ။           ။ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ပြည်တွင်း-ပြည်ပ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် ကစားသည့် နေရာတစ်ခုအတွက် ကစားသမားနှစ်ဦးလုံးကို အသုံးပြုနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာလက်ရွေးစင် ယူ-၁၈ အသင်း၏ နည်းပြချုပ် ဦးစိုးမြတ်မင်း က မဇ္စျိမ သတင်းဌာနကိုပြောသည်။

"One Posငtion မှ Two Player ကို မရလို့မဖြစ်ပါဘူး။ ပြည်တွင်းလိဂ်တွေပြိုင်သလို့ တစ်ပတ်ခြားတို့  သုံးရက်၊ လေးရက်တို့ ပြိုင်ရတာမဟုတ်ပါဘူး။ လက်ရွေးစင်အဆင့်တွေကျတော့ သက်တမ်းအလိုက်ရော အသင်းကြီး ရော တစ်ရက်၊နှစ်ရက်ကြားတွေ ဒီလိုတွေကစားတဲ့ပွဲတွေ က လေးငါးပွဲ ဆက်တိုက်ပါ။ ကျိန်းသေ ပါတယ် One Posငtion မှ Two Player မရှိရင် တော်တော်လေး ဒုက္ခရောက်နိုင်ပါတယ် " ဟု ဦးစိုးမြတ်မင်း က ပြောသည် ။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် သြဂုတ်လ ၆ ရက်နေ့ မှ ၁၉ ရက်နေ့ အထိဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် စတုတ္ထနေရာအထိ တက်ရောက်နိုင်ခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆု ကိုရရှိခဲ့သည်။

"ဒီကစားသမား ၁၁ဦးပဲအသုံးပြုလို့မဖြစ်ပါဘူး။ အများဆုံး ၁၄ ဦးလောက်အသုံးပြုလို့မဖြစ်ပါဘူး။ နှစ်ပွဲလောက် ဆက်တိုက်ကစားပြီးသွားရင် ကစားသမားတွေရဲ့ ခန္ဓာကိုယ်ပိုင်း၊ကြံခိုင်မှုအပိုင်း က နည်းနည်းလေးတွေလျော့ တယ်။ နည်းပြဆရာအပိုင်းက ကစားသမားတွေအားလုံးကို အသုံးမပြုနိုင်ဘူးဆိုရင် နည်းနည်းလေး အခက်အခဲ ဖြစ်မယ်။အုပ်စု ပွဲတွေမှာက အစပေါ့၊ အဲဒါကြောင့် One Posငtion မှ Two Player ရအောင် လေ့ကျင့် နေပါ တယ် " ဟု ဦးစိုးမြတ်မင်း က ထပ်မံဖြေကြားသည်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် ဇူလိုင်လအတွင်းက ဂျပန်နိုင်ငံလေ့ကျင့်ရေးအစီစဉ်တွင် ဂျပန်အသင်း သုံးသင်းနှင့် ခြေစမ်းပွဲများကစားခဲ့ပြီး သြဂုတ်လအတွင်း၌လည်း ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ယင်းခြေစမ်းပွဲများနှင့် ပြိုင်ပွဲများတွင် ကစားသမား ၂၄ မှ ၂၈ ဦး အထိခေါ်ဆောင် သွားပြီး ယှဉ်ပြိုင်သည့် ပွဲချိန် တစ်လျှောက်တွင် ကစားသမားအပြောင်းအလဲများကို ပြုလုပ်ခဲ့သည်။မြန်မာလက်ရွေးစင် ယူ-၁၈ ဘောလုံး အသင်းသည် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတွင် MMF Youth အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required