၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန် ကုန်သွယ်ရေးအမြွာစင်တာ တိုက်ခိုက်မှုကြီးကို စီစဉ်ခဲ့မှုနဲ့ ဂွါတာနာမိုဘေးမှာ ဖမ်းဆီးထားတဲ့ လူငါးဦးအား သေဒဏ်ပေး တရားစီရင်မယ့်နေ့ကို စစ်ခုံရုံးက သတ်မှတ်ကြေညာလိုက်ပါတယ်။
အဆိုပါ ၉/၁၁ တိုက်ခိုက်မှုကြီး နှစ်နှစ်ဆယ်ပြည့်မြောက်ခါနီးအချိန်မှာပဲ ထိုသူ ငါးဦးအား ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်မှာ ကျူးဘားက ရေတပ်အခြေစိုက်စခန်းမှာရှိတဲ့ စစ်တရားရုံးမှာ စတင်တရားစီရင်ဖို့ စစ်တပ်တရားသူကြီး ဗိုလ်မှူး ရှိန်းကိုဟင်က အမိန့်ချမှတ်ပါတယ်။
ဒါဟာဆိုရင် တရားသူကြီးတစ်ဦးအနေနဲ့ ဒီအမှုအတွက် စတင်တရားစီရင်မယ့်နေ့ကို ပထမဆုံး အတိအကျ သတ်မှတ်လာတာပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးမှာ ပါဝင်ပတ်သက်မှုနဲ့ ခါလစ်ရှိတ်မိုဟာမတ်နဲ့ အခြားလေးဦးကို စတင်တရားစီရင်မှာဖြစ်ပြီး ခုချိန်မှာ ၎င်းတို့ ငါးဦးကို ဂွါတာနာမိုအကျဉ်းထောင်မှာ ခုချိန်ထိ ဖမ်းဆီးထိန််းသိမ်းထားဆဲ ဖြစ်ပါတယ်။
မိုဟာမတ်နဲ့ အပေါင်းပါ လေးဦးဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီးမှာ ပါဝင်မှုနဲ့ သေဒဏ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြီးအချိန်က မိုဟာမတ်ဟာ ခရီးသည်တင် လေယာဉ်လေးစီးကို လူ ၁၉ ဦးနဲ့ ပြန်ပေးဆွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ ပင်တဂွန်တို့ကို ဝင်တိုက်ပြီး တိုက်ခိုက်ခဲ့မှုကို ကြိုးကိုင်ဖန်တီးခဲ့သူအဖြစ် စွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ကျန်လေးဦးကတော့ အဲဒီ လေယာဉ်ပြန်ပေးဆွဲသူတွေကို လေ့ကျင့််သင်တန်ပေးခြင်း၊ ခရီးသွားလာခွင့်နဲ့ ငွေကြေးထောက်ပံ့ခြင်းတွေကို ကူညီဆောင်ရွက်ပေးခဲ့သူတွေဖြစ်တယ်လို့ စွဲဆိုထားပါတယ်။